ဧပြီလ ၁ ရက်နေ့က စတင်ဖွင့်လှစ်တာပါ။

ဧရာဝတီလင်းပိုင်ကို ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လေ့လာနိုင်အောင် Dolphin Community Lodge ကို ဧပြီလ ၁ ရက်မှာ စတင်ဖွင့်လှစ်ပြီး ဧည့်သည်တွေ တည်းခိုနိုင်ပြီလို့ သားဌက်တိရစာဆ္ဆန်ထိန်းသိမ်းရေးအဖွဲ့ WCS မြန်မာကနေ သိရပါတယ်။

Photo- WCS Myanmar



Dolphin Community Lodge မှာ သဘာဝအလှတရားတွေကို ခံစားနိုင်ပြီး ဧရာဝတီလင်းပိုင်နဲ့ ရေလုပ်သားအကျိုးတူ ငါးဖမ်းတာကို လေ့လာခြင်း၊ ကျေးရွာတွေက လက်မှု ပစ္စည်းဖြစ်တဲ့ ယက်ကန်း၊ အိုး၊ ဝါးခမောက်လုပ်ငန်းတွေကို ပြုလုပ်တဲ့ ကျေးရွာတွေကို လေ့လာခြင်း၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးဖြစ်တဲ့ တောရကြီးဘေးမဲ့တော့ကို လေ့လာခြင်းနဲ့ ဟန်လင်းမြို့ဟောင်းကို လေ့လာခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

ခရီးစဉ်အနေနဲ့ မန္တလေးမြို့ကနေ ကုန်းလမ်းနဲ့ စစ်ကိုင်းခရိုင်ချင်းဆက်လမ်း (စစ်ကိုင်း-ကျောက်မြောင်း) လမ်းအတိုင်း သွားရောက်နိုင်ပြီး ၄ နာရီအကြာမှာ ရောက်ရှိနိုင်ပါတယ်။ မန္တလေးမြို့ကနေ ရေလမ်းခရီးဖြင့်လည်းသွားရောက်နိုင်ပြီး အမြန်ရေယာဉ်ဖြင့် ၂ နာရီကြာနိုင်တယ်လို့ ဆိုပါတယ်။

Photo- WCS Myanmar

Dolphin Community Lodge ရှိတဲ့နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာ ဖြစ်ပြီး စိတ်ဝင်စားလို့ သွားရောက်လိုတဲ့ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်တွေအနေနဲ့ dolphincca@gmail.com ကို ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ ကြေညာထားပါတယ်။

အဆိုပါ အစီအစဉ်မှာ ကျေးရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းကို အခြေခံပြီး ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းပိုရရှိဖို့၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့၊ လင်းပိုင်တွေကို ဒေသခံတွေကိုယ်တိုင် ထိန်းသိမ်းတတ်စေဖို့၊ ဧရာဝတီလင်းပိုင်များကို အန္တရာယ်ဖြစ်စေတဲ့ ဘက္ထရီရှော့တိုက် ငါးဖမ်းဆီးခြင်း၊ မြစ်ကြောင်းပိတ် မျှောပိုက်ရှည်များအသုံးပြု ငါးဖမ်းဆီးခြင်း ဆိုးကျိုးသက်ရောက်မှုများအပေါ် ကျေးရွာလူထု ပိုမိုနားလည်လာစေဖို့ အတွက် ရည်ရွယ်ပြုလုပ်တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က