စိုးရိမ်ရေမှတ် ၁၁၅၀စင်တီမီတာကို ၁စင်တီမီတာသာ ကျော်သေးတာ ဖြစ်ပါတယ်။

ဧရာ၀တီမြစ်ရေသည် စစ်ကိုင်းမြို့၏စိုးရိမ်ရေအမှတ်ကိုကျော်လွန်ရောက်ရှိခဲ့သဖြင့် စစ်ကိုင်းမြို့နယ်အတွင်း အိမ်ထောင် စု ၁၁၀၂စု ရေလွတ်ရာသို့ရွှေ့ပြောင်းနေရကြောင်း စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးစီးဌာနက တဆင့် သိရသည်။

ဓာတ်ပုံ - Saw Yanpai



ယနေ့ဇူလိုင်၂၈ မွန်းလွဲပိုင်းတွင် ဧရာ၀တီမြစ်ရေတိုင်းထွာချက်အရ စစ်ကိုင်းမြို့၏စိုးရိမ်ရေအမှတ် ၁၁၅၀ကိုကျော်လွန်ပြီး ၁၁၅၁ စင်တီမီတာကို ရောက်ရှိခဲ့သဖြင့် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်အချို့နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများ ရေ၀င်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် မြို့ပေါ်် ရပ်ကွက်နှင့် ကျေးရွာများမှ အိမ်ထောင်စု ၁၁၀၂စု ၊လူဦးရေ ၅၁၁၃ဦးအား ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်စေရေး ဆောင်ရွက်စေခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ - Saw Yanpai

"ဧရာ၀တီမြစ်ရေတက်လာလို့ စစ်ကိုင်းမြို့နယ်မှာအိမ်ထောင်စု ၁၁၀၂စု ၊လူဦးရေ ၅၁၁၃ ဦး ရေလွတ်ရာ နေရာတွေမှာ ပြောင်းရွှေ့ထားရပါတယ်။ ရေထပ်တက်လာရင် ထပ်ပြောင်းရွှေ့ဖို့ရှိပါတယ်။ ဒီနေ့‌ရွှေ့ပြောင်းတာ ‌‌တွေလည်းရှိပါတယ်။ ညနေ စာရင်းထက်တိုးဖို့လည်း ရှိပါတယ်။ ရွှေ့ပြောင်းအိမ်ထောင်စုတွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနက Covid 19နဲ့ ‌သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကျန်းမာရေးအသိပညာပေးထားပြီးလူမှုရေးအသင်းအဖွဲ့ ၊ မီးသတ်ကြက်ခြေနီ တို့ကလည်း အကူညီပေးပါတယ်။ မနက်က မိုးဇလ၊ဆည်မြောင်း၊ရေအရင်းမြစ်၊စည်ပင်နဲ့ သတ်ဆိုင်ရာအုပ်ချုပ်ရေးမှုးတွေက တာရိုးနေရာတွေကို လိုက်ကြည့်ပါတယ်။  ပေါက်တာတွေကျိုးတာတွေမရှိပါဘူး။ဒါပေမယ့် စိတ်ချရအောင် သဲအိတ်တွေတော့ ချထားပါတယ်။ မနှစ်ကအမြင့်ဆုံး ၁၁၇၃ ထိ ရောက်ခဲ့တယ်၊ ဒီနှစ် စိုးရိမ်ရေအမှတ်ထက် ၁ စင်တီမီတာ ပဲကျော်နေသေးလို့ စိုးရိမ်ရတဲ့အခြေအနေမရှိသေးပါဘူး" လို့ စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းကပြောပါတယ်။

ဓာတ်ပုံ - Saw Yanpai

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များဖြစ်တဲ့ ဧမြ၀တီရပ်ကွက်တွင် အိမ်ထောင်စု ၉၆စုအား ရေလွတ်ရာအစေခံ ခံတပ်ရှေ့လမ်း၊ထုံးဘိုရပ်ကွက်တွင် အိမ်ထောင်စု ၁၆၃စုအား လုံးတော်ကြီးဘုရား၊ လေးမျက်နာဘုရား၊ ကသစ်နက်ဘုရား၀န်းအတွင်း၊ ဒါး၀ယ်ဈေးရပ်ကွက်က အိမ်ထောင်စု ၃၆၁စုကိုမူ ငါးထပ်ကြီးဘုရား၊ကြေးဘုရားကြီး၊သောတာပန် ရပ်ကွက်တွင် အိမ်ထောင်စု ၃၃စုရှိပြီး လေးကျွန်းမာန်အောင်၊ရွှေဘုံသာဘုရားများအတွင်းသို့ပြောင်းရွှေ့ထားရကြောင်းသိရပါတယ်။

စစ်ကိုင်းမြို့နယ် တဲကြီးအုပ်စုအတွင်းရှိကျေးရွာများမှ အိမ်ထောင်စု ၁၆၂စု အား စစ်ကိုင်းမြို့ငါးထပ်ကြီးဘုရား၊မင်းကွန်း၊ကင်းရွာမှ အိမ်ထောင်စု ၃၉စု မအူပင်ကျေးရွာ အိမ်ထောင်စု ၁၀စု ၊စဉ့်ကိုင်ကျေးရွာအိမ် ထောင်စု ၁၆စု၊ ရွှေလှေကျေးရွာ အိမ်ထောင်စု ၆၅စု ၊ရွာသစ်ကြီး ပြည်တော်သာရွာ အိမ်ထောင်စု ၁၅၅စု အားရေလွတ်ရာကုန်းမြေများသို့ ရွှေ့‌ပြောင်းထားရကြောင်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က