ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ဧရာဝတီမြစ်အတွင်းမှာ သြဂုတ်လ (၂၆)ရက်နေ့ ညနေပိုင်းက ရပ်ထားတဲ့သင်္ဘောကို စက်လေးတစ်စီးမှ ဝင်တိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ်မှာ လူ (၁၆)ဦးလိုက်ပါလာခဲ့တာဖြစ်ပြီး အမျိုးသမီးနှစ်ဦးပျောက်ဆုံးနေကာ အဆိုပါအမျိုးသမီးနှစ်ဦးကို ဒီကနေ့ထိ ရှာဖွေရေးလုပ်နေတယ်လို့ သိရပါတယ်။ " စက်လှေပေါ်ပါတဲ့ (၁၆)ယောက်ထဲက (၁၄)ဦးကို ကယ်နိုင်ခဲ့တယ်။ အမျိုးသမီးနှစ်ဦးကတော့ ခုထိမတွေ့သေးဘူး။ ရှာဖွေရေးတွေဆက်လက်လုပ်နေဆဲပါပဲ။ တိမ်းမှောက်ခဲ့တဲ့ စက်လှေက အပျော်စီးစက်လေ။မိသားစုဝင်တွေကြည့်ပဲ အပျော်စီးထွက်ကြတာ" လို့ ညာင်ဦးမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက Duwun ကို ပြောပါတယ်။



အဆိုပါ အပျော်စီး စက်လှေက ခြောက်ဆယ်လှဘုရားဘက်ကနေ အမှတ်(၁) သာယာဝတီဆိပ်ကိုသွားရင်း ရပ်ထားတဲ့သင်္ဘော(၃)စီးရဲ့ အလယ်ကသင်္ဘောကိုဝင်တိုက်မိကာ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  စက်လှေတိမ်းမှောက်မှုအတွင်း ကယ်တင်နိုင်ခဲ့တဲ့ (၁၄)ဦးထဲက (၁)ဦးကို ညောင်ဦးဆေးရုံကို ပို့ဆောင်ထားပြီး ကျန်(၁၃)ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိတဲ့အတွက် နေအိမ်တွေကိုပဲ ပြန်လွှတ်လိုက်တယ်လို့ ဦးကျော်မင်းကပြောပါတယ်။ 

ပျောက်ဆုံးနေတဲ့ အမျိုးနှစ်ဦးကိုတော့  ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့တွေအပါအဝင် လူမှုရေးအသင်းတွေနဲ့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ 

စက်လှေတိမ်းမှောက်မှုကြောင့် စက်လှေမောင်းသူကိုတော့ ညောင်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က