ဒီနေ့မနက်(၁၀း၃၀)တိုင်းတာချက်အရ (၁၂၀၈)cmရှိပါတယ်။

ဧရာဝတီမြစ်ရေတက်မှုကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့မှာ ရေများဝင်ရောက်နေပြီး လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်း(၁၅)ခုဖွင့်လှစ်ထားတယ်လို့ မြစ်ကြီးနားမြို့ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

photo- Z Naw Li

ဇူလိုင်လ(၁၂)ရက်နေ့ ညပိုင်းကစပြီး ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုကျော်လွန်ခဲ့ပြီး ဒီမနက်ပိုင်းမှာတော့ အနည်းငယ်ရေပြန်ကျသွားတယ်လို့ မြစ်ကြီးနားမြို့ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

“ဧရာဝတီမြစ်ရေရဲ့ စိုးရိမ်ရေမှတ်က ၁၂၀၀ စင်တီမီတာ သတ်မှတ်ထားတယ်။ ဒီမနက် (၁၀း၃၀)အချိန်ထိ တိုင်းတာချက်အရ (၁၂၀၈)မှာရှိနေတုန်းပဲ။ မနေ့ညကထက်တော့ ကျလာတာပေါ့နော်။ မနေ့ညက ညည့်နက်ပိုင်းထိ (၁၂၂၆)စင်တီမီတာရှိပြီး ခုမနက်(၆)နာရီကထိကို (၁၂၂၄)စင်တီမီတာထိရှိတယ်။ ပြန်တော့ကျလာပြီ ဒါပေမယ့် စိုးရိမ်ရေမှတ်အောက်တော့မရောက်သေးဘူး” လို့ မြစ်ကြီးနားမြို့ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

photo- Z Naw Li

ဧရာဝတီမြစ်ရေတက်မှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်တချို့မှာ ရေများဝင်ရောက်နေပြီဖြစ်တာကြောင့် လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်း(၁၅)ခုဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးစခန်းမှာပြောင်းရွှေ့နေထိုင်လျှက်ရှိတဲ့ ရေဘေးသင့်သူနဲ့ အိမ်ထောင်စုအရေအတွက်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ မြစ်ကြီးနားမှာ မိုးသည်းထန်စွာရွာနေတာမျိုးမဟုတ်ဘဲ မိုးဖွဲလေးသာရွာနေတယ်လို့ သိရပါတယ်။ မြစ်ရေတက်ချိန်နဲ့ ကမ်းနားအနီး၊မြေနိမ့်ပိုင်းတွေမှာ နေထိုင်တဲ့ ပြည်သူများအထူးသတိပြုနေထိုင်ကြရန်ကိုလည်း တာဝန်ရှိသူတွေနဲ့အနေနဲ့ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးလျှက်ရှိနေပါတယ်။

Share

Loading Next Article...
က္က