ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါပိုး ကင်းစင်သွားပါပြီ။
Kyaw Ko Ko Sint

မူလက ဧရာဝတီတိုင်းမှာ ရောဂါပိုး ကင်းစင်သွားပြီဖြစ်လို့ ကမ်းခြေဟိုတယ်တွေကို ပြန်ဖွင့်ဖို့ လုပ်ထားပေမယ့် ယခုအခါ ဇူလိုင် ၁၅အထိ တိုးမြှင့် ပိတ်ထားလိုက်တာပါ။



ကိုဗစ်ကာလမှာ ဧရာဝတီတိုင်းအတွင်းရှိတဲ့ ကမ်းခြေက ဟိုတယ်တွေနဲ့တည်းခိုခန်းတွေကို ဇူလိုင်လ ၁၅ရက်နေ့ အထိ ဆက်လက် ပိတ်ထားမယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က Duwun ကိုပြောပါတယ်။

ဧရာဝတီတိုင်းမှာတော့ ချောင်းသာ၊ငွေဆောင်၊ရွှေသောင်ယံနဲ့ဂေါရန်ဂျီ ကမ်းခြေတွေရှိပြီး အဆိုပါ ကမ်းခြေက ဟိုတယ်နဲ့တည်းခိုခန်းတွေကို ခရီးသွားဧည့်သည်လက်ခံမှုကို ပိတ်ထားတာ ဖြစ်ပါတယ်။

“ကမ်းခြေက ဟိုတယ်တွေကို ဆက်လက်ပိတ်ထားပေမယ့် မြို့ပေါ်က ဟိုတယ်တွေကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖွင့်လှစ်ခွင့်ပြုထားပါပြီ။ဒါပေမယ့် ဟိုတယ်တွေမှာတော့ အစည်းအဝေးတွေ၊အ ခမ်းအနားတွေ လုပ်ခွင့်မပြုထားပါဘူး။”လို့ ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

ကမ်းခြေက ဟိုတယ်တွေကို ပြန်လည်ခွင့်မပြုသေးပဲ မြို့ပေါ်က ဟိုတယ်တွေကိုသာ ပြန်လည်ခွင့်ပြုတာနဲ့ပတ်သက် ပြီးတော့လည်း ဝန်ကြီး ဦးကျော်မြင့်က ဆက်လက်ရှင်းပြပါတယ်။

“မြို့ပေါ်မှာက သီးသန့်ဖြစ်တယ်။ဟိုတယ်လာသူကလည်းသူ့အလုပ်ကိစ္စနဲ့သူ သီးသန့် နေလို့ရတယ်။ကမ်းခြေမှာက ဟိုတယ်မှာကျွန်တော်တို့က စည်းကမ်းသတ်မှတ်ထားလို့ စည်းကမ်းလိုက်နာပေမယ့် ကမ်းခြေရောက်ရင် လူစုလူဝေး လုပ်ဖြစ်မယ်။ကစားပွဲတွေ လုပ်တဲ့အခါ ရောဂါပိုးတွေ ကူးစက်နိုင်တဲ့အတွက် ဒါကို ခွင့်မပြုသေးဘဲ ရှိတာပါ။”လို့ ဦး ကျော်မြင့်က ဆက်လက်ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ စားသောက်ဆိုင်တွေကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီလို့သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ပိုးတွေ့လူနာ ၂ ဦးရှိခဲ့ပြီး နှစ်ဦးစလုံးမှာ မလေးရှားက ပြန်လာသူများဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့ကတည်းက အားလုံးပျောက်ကင်းကာ ပိုးကင်းစင်သွားခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ


က္က