ဧရာဝတီတိုင်းထဲက အထည်စက်ရုံအားလုံးကို ဒီနေ့စက်တင်ဘာလ ၂၄ရက် ကစပြီး ယာယီပိတ်ထားဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

ဒါကြောင့် တိုင်းထဲက အထည်ချုပ်စက်ရုံ တွေဟာ ဒီနေ့ကစပြီး အောက်တိုဘာလ ၇ ရက်နေ့အထိကို ယာယီပိတ်ထားရမှာဖြစ်ပါတယ်။ စက်ရုံပိတ်ထားစဉ်ကာလမှာ အလုပ်သမား တွေဟာ Stay Home နေထိုင်ရမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။



"အထည်ချုပ်စက်ရုံတွေကို ၉ လပိုင်း ၂၁ ရက် စိစစ်ချက်အရ စက်ရုံမှာ တကယ်ဆင်းရမယ့် အလုပ်သမား စုစုပေါင်းက ၁၃,၀၀၀ ကျော်ရှိတဲ့အနက် ၆,၇၀၀ ကျော်ပဲ ဆင်းနေတာတွေ့ရတယ်။ဒါကြောင့် ရောဂါဆက်လက်မပြန့်ပွားအောင် ဒီနေ့ကစပြီး အောက်တိုဘာလ ၇ ရက်နေ့အထိကို ဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ စက်ရုံတွေကို ယာယီပိတ်သွားမှာဖြစ်တယ်။စက်ရုံက ပြန်မယ့် ဝန်ထမ်းတွေမှာ မိမိနေအိမ်မှာ home stay နေရမှာဖြစ်ပါတယ်" လို့ ဦးဝင်းဌေးက ပြောပါတယ်။

ပုသိမ်စက်မှုဇုန်က He Shan နဲ့ Dong Long အထည်ချုပ် စက်ရုံတွေက စက်ရုံအလုပ်သမား (၄)ဦးမှာ COVID - 19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့်  ရောဂါကူးစက်ပြန့်ပွားမှု ထပ်မံမဖြစ်ပေါ်စေဖို့နဲ့  ရောဂါထိန်းချုပ်နိုင်ဖို့ အတွက် တိုင်းထဲက အထည်ချုပ်စက်ရုံ (၁၂)ရုံကို ယာယီပိတ်သိမ်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ဧရာဝတီ တိုင်းထဲမှာ ကိုဗစ် အတည်ပြုလူနာ အများဆုံးတွေ့ရှိရတဲ့ မြို့နယ်တွေက မအူပင်၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ဖျာပုံ မြို့နယ်တို့ ဖြစ်ကြောင်း၊အဲ့ ဒီနေရာက ပိုးတွေ့လူနာ ရှိတဲ့ ရပ်ကွက် တွေကို စိစစ်မှုတွေပြုလုပ်သွားဖို့ရှိတယ်လို့ လည်းသိရပါတယ်။

"Qစခန်းကဖြစ်တာလား အိမ်မှာနေရင်းဖြစ်တာလား အဲ့အပေါ်စိစစ်ပြီး အသွားအလာကန့်သတ် မှုတွေကို တိုင်းကျန်းမာက လုပ်သွားမှာဖြစ်ပါတယ်။ "လို့ ဦးဝင်းဌေးက ဆိုပါတယ်။ 

ဧရာဝတီတိုင်းအတွင်းမှာတော့ မြို့နယ် တစ်မြို့နယ် လုံးကို လော့ဒေါင်း လုပ်ထားတာမျိုး မရှိသေးပါဘူးလို့ သိရပါတယ်။

လက်ရှိ ဧရာဝတီတိုင်းမှာ ကိုဗစ် အတည်ပြုလူနာ ၁၆၇ ဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က