ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံး၊ တည်းခိုခန်း ၄၆ လုံးလုံးရှိပြီးချောင်းသာ ကမ်းခြေမှာ ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ ရှိပါတယ်။
Kyaw Ko Ko Sint

ဧရာဝတီတိုင်းထဲက ကမ်းခြေနဲ့ ဟိုတယ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ဟိုတယ်တွေကို တာဝန်ရှိသူတွေက စစ်ဆေးမှု စတင်ပြုလုပ်နေပြီလို့ ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ချောင်းသာရုံးခွဲမှ သိရပါတယ်။ 

စစ်ဆေးမှုတွေကို ဇူလိုင် တတိယပတ်မှာစတင်စစ်ဆေးနေခြင်းဖြစ်ပြီး စစ်ဆေးမှုအပြီးနောက်ပိုင်းကမ်းခြေနှင့်ဟိုတယ်တွေ ပြန်ဖွင့်လှစ်နိုင်မယ့်အခြေအနေကို ဇူလိုင်လကုန်မှာ သိရှိနိုင်မယ်လို့ သိရပါတယ်။  

ကမ်းခြေနဲ့ ဟိုတယ်တွေသာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး KTV နှင့် Beauty Spa တွေကတော့ ပြန်လည် ဖွင့်လှစ်ခွင့်ပြုအုံးမှာမဟုတ်ဘူးလို့ သိရပါတယ်။  

''ကမ်းခြေက ဟိုတယ်တွေ ဖွင့်လှစ်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့အညီ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးနေ ပါတယ်။ စစ်ဆေးရေးအဖွဲ့တွေက ချောင်းသာကို လာရောက်ပြီး စစ်ဆေးမယ်။ စစ်ဆေးတဲ့အခါ အဓိကအချက်ကတော့ အိပ်ခန်းဆောင်တွေ၊ Public Area တွေကို အဓိကထား စစ်ဆေးမှာဖြစ်ပါတယ်။ အဲဒီအခါ ရေကူးကန်တွေမှာ စုပြုံရေချိုးလို့ မရတာတွေပါမယ်။ ဟိုတယ်အကြီးတွေမှာဆိုရင်လည်း KTV တွေ၊ Spa တွေ မဖွင့်ရဘူး။ ပိတ်ထားရမယ်ဆိုတဲ့ အချက်တွေ ပါတာပေါ့။''လို့ ချောင်းသာရုံးခွဲ တာဝန်ခံ ဦးစီးအရာရှိ ဦးနိုင်အောင်က ပြောပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တွေဟာ တိုင်းဒေသကြီး အစိုးရအဖွှဲ့ ၊ညွှန်ကြားရေးမှုဦးစီးဌာနရဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ဆုံးဖြတ်ချက်တွေအရ စည်းကမ်းချက်ပေါင်း ၃၈ ချက် ကို လိုက်နာရမှာဖြစ်ပါတယ်။ 

ဓာတ်ပုံ - may su kyi

" ကမ်းခြေပြန်ဖွင့်ရင်လည်း ကမ်းခြေမှာလိုက်နာရမယ့် အချက်တွေ ရှိတယ်။ ဟိုတယ်ဘက်ကလည်း လိုက်နာရမယ့်အချက်တွေရှိတယ်။ဒါတွေကို ဧည့်သည်တွေကလည်းလိုက်နာရမယ်။ဟိုတယ်တွေကလည်း စည်းကမ်းချက်တွေကို လိုက်နာရမယ်။ "လို့ ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ခိုင်ကပြောပါတယ်။ 

ဧရာဝတီတိုင်းထဲက ချောင်းသာကမ်းခြေ၊ ငွေဆောင်၊ဂေါ်ရန်ဂျီ၊ ရွှေသောင်ယံစတဲ့ ကမ်းခြေတွေ ခရီးသွားလာခွင့်ကို မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ စတင်ဖြစ်ပွားတဲ့ မတ်လ ကတည်းက ပိတ်ထားတာဟာ ယနေ့အထိဖြစ်ပါတယ်။ 

လက်ရှိ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံး၊ တည်းခိုခန်း ၄၆ လုံးလုံးရှိပြီးချောင်းသာ ကမ်းခြေမှာ ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က