ဧရာဝတီတိုင်းကသေဆုံးသူ(၁၁)ဦးထိရှိနေပါပြီ။
ဒီနှစ်မှာ ရာသီတုပ်ကွေး H1N1ဖြစ်ပွားမှုနှုန်းဟာ ယခင်နှစ်တွေကထက် မြင့်တက်လျှက်ရှိနေပြီး သေဆုံးသူဦးရေကလည်း တစ်နိုင်ငံလုံအတိုင်းအတာအနေနဲ့ (၉၂)ဦးရှိနေပြီဖြစ်ကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 


photo- Myanmar CDC

ရာသီတုပ်ကွေး H1N1ကြောင့် ဧရာဝတီတိုင်းဒေသကြီးမှာ (၂)ဦးထပ်မံသေဆုံးခဲ့ပါတယ်။ သြဂုတ်လ(၇)ရက်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းက သေဆုံးသူ (၉)ဦးသာရှိခဲ့ပြီး သြဂုတ်လ (၉)ရက်နေ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ (၁၁)ဦးရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ H1N1 သံသယရှိသူဓာတ်ခွဲလူနာ (၁၁၅၇)ဦးရှိကာ အတည်ပြုဖြစ်ပွားသူ (၄၉၀)ဦးရှိနေပါပြီ။

၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကနေ သြဂုတ်လ(၉)ရက်နေ့ထိ တစ်နိုင်ငံလုံးသေဆုံးဦးရေမှာ (၉၂)ဦးရှိကာ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းနဲ့၊ ပဲခူးတိုင်းတို့ကအများဆုံးပါဝင်နေတာပါ။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ သြဂုတ်လ(၉)ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းက သေဆုံးသူ (၆၃)ဦး၊ ဧရာဝတီတိုင်း(၁၁)ဦး၊ ပဲခူးတိုင်းက သေဆုံးသူ(၇)ဦးရှိကြောင်းသိရပါတယ်။

photo- နာရေးကူညီမှုအသင်း(ရန်ကုန်)

မိုးတွင်းကာလဟာ တုပ်ကွေးအဖြစ်များတဲ့ ရာသီဥတုဖြစ်ပြီး ဒီနှစ်မှာဆိုရင် လူတွေရဲ့အသက်ကိုသေစေနိုင်တဲ့ H1N1 ရာသီတုပ်ကွေးအပြင် ကိုယ်လက်အဆစ်အမြစ်တွေကိုက်ခဲတဲ့ ဆင်တုပ်ကွေးရောဂါလည်းအဖြစ်များလာကြပါတယ်။ ဆင်တုပ်ကွေးရောဂါက လူတွေရဲ့ အသက်မသေနိုင်ပေမယ့် H1N1ကတော့ တုပ်ကွေးမျိုးစိတ်အသစ်တစ်မျိုးဖြစ်ပြီး ရိုးရိုးတုပ်ကွေးထက်အဆုတ်ထဲကို ပိုမိုထိရောက်စွာ ကူးဆက်နိုင်တဲ့ရောဂါတစ်မျိုးပါ။ ဒီနှစ်မှာ ရာသီတုပ်ကွေး H1N1ဖြစ်ပွားမှုနှုန်းဟာ ယခင်နှစ်တွေကထက် မြင့်တက်လျှက်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က