Relief Flight နဲ့ပြန်လာသူဖြစ်လို့ အခြားသူတွေနဲ့ ထိတွေ့မှုမရှိထားပါဘူး။
Kyaw Ko Ko Sint

မလေးရှားကပြန်လာသူ စုစုပေါင်း ၁၈ဦးအနက် ရောဂါပိုးရှိသူ တစ်ဦးသာရှိတာပါ။



ဧရာဝတီတိုင်းဒေသကြီးမှာ ပထမဆုံးပိုးတွေ့လူနာတစ်ဦး စတင်တွေ့ရှိလာခဲ့ပြီ ဖြစ်ပြီး သူကတော့ မလေးရှားက ပြန်လာတဲ့ အသက် ၂၀အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။

စုစုပေါင်း သူနဲ့အတူ ပြန်လာတဲ့ မလေးရှားပြန် ၁၈ဦးရှိပြီး သူတစ်ဦးတည်းသာ ရေားဂါပိုး အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိရတယ်လို့လည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သူထွေးရဲ့ ပြောပြချက်အရသိရပါတယ်။

“ဒီနောက်ဆုံးအသုတ်ပြန်ဝင်လာတာ ၁၈ဦးရှိပါတယ်။အစောပိုင်းအသုတ်တွေကတော့ ရက်စေ့သွားလို့ ပြန်သွားကြ ပါပြီ။ပထမ ၃ယောက်ကိုအရင်စစ်ရာမှာ ပိုးမတွေ့ကြပါဘူး။အခု ၁၅ယောက်ကိုထပ်စစ်ရာမှာတော့ သူတစ်ဦး တည်း တွေ့တာပါ။”လို့ ဦးအောင်သူထွေးက Duwunကိုပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်က ကွာရန်တင်းနေရာမှာ လူနာရောက်တဲ့အချိန်က အနီးကပ် ထိတွေ့ခဲ့သူ တွေရှိခဲ့ပြီး ကွာရန်တင်းဝင်စေဖို့ လုပ်ဆောင်သွားမယ်လို့လည်း ဦးအောင်သူထွေးက ဆိုပါတယ်။

“သူ့ကို ကွာရန်တင်းနေရာမှာ အနီးကပ်ကူညီပေးခဲ့တဲ့ ပရဟိတဝန်ထမ်းတွေရှိတယ်။အဲ့နေ့က တာဝန်ကျသူတွေကို ပြန်လည်စစ်ဆေး ဖော်ထုတ်သွားပြီး သူတို့ကိုလည်း ကွာရန်တင်းဝင်စေဖို့ လုပ်ဆောင်မှာပါ။ကျွန်တော်တို့ကပရဟိ တအဖွဲ့တွေကို ၃ဖွဲ့ခွဲပြီး တာဝန်ယူစေတာဖြစ်လို့ အဲ့ဒီတုန်းက တာဝန်ကျခဲ့တဲ့သူတွေကို ဝင်စေဖို့လိုမလို ဆောင် ရွက်သွားမှာပါ။သေချာတော့ မသိရသေးပါဘူး။”လို့ ဦးအောင်သူထွေးက ဆက်လက်ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19ပိုးတွေ့လူနာ ၁၉၁ဦးထိရှိလာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တိုင်းနဲ့ပြည်နယ် ၁၄ခုမှာ ကယားပြည်နယ်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ် ၁၃ခုမှာပိုးတွေ့လူနာတွေ တွေ့ရှိထားပြီ လည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က