နောက်ထပ် ထောက်ပံ့ဖို့ စက်ရုံတွေ ကျန်နေပါသေးတယ်။

လစာရဲ့ ၄၀ရာခိုင်နှုန်းကို ပြန်လည်အကျိုးခံစားခွင့်ရတာ ဖြစ်ပြီး ထောက်ပံ့ပေးဖို့ ကျန်ရှိနေသေးတဲ့ စက်ရုံတွေက အလုပ်သမားတွေရှိသေးတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး



ကိုဗစ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်ဘက်မှ အလုပ်ရပ်နားလိုက်ရတဲ့အတွက်အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမား ၂,၀၀၀ ကျော်အတွက် စုစုပေါင်း လူမှုဖူလုံရေးငွေ ကျပ်သိန်း ၆၀၀ ကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက Duwun ကို ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စက်ရုံအလုပ်ရုံတွေကို ပြန်ဖွင့်ခွင့်ပြုထားပြီ ဖြစ်ပြီး လက်ရှိမှာတော့ လူမှုဖူလုံရေးငွေ ထောက်ပံ့ ပေးနိုင်တာ ဒေါင်းလောင်း အထည်ချုပ်စက်ရုံတစ်ရုံသာရှိသေးတယ်လို့လည်းသိရပါတယ်။

“လောလောဆယ်တော့ ဒေါင်းလောင်း အထည်ချုပ်စက်ရုံတစ်ရုံပဲ ထောက်ပံ့ပေးရပါသေးတယ်။အဲဒီစက်ရုံမှာ အလုပ်သမား ၂၃၂၃ ယောက် ရှိပြီး ကျပ်ငွေ ၆၇၁ သိန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။နောက်ထပ် ထောက်ပံ့ဖို့ ကျန်နေ သေးတဲ့ စက်ရုံတွေရှိပြီး ဒါကိုတော့ လူမှုဖူလုံရေး ရုံးချုပ်ဘက်က ခွင့်ပြုချက်ကျလာမှ ပေးရမှာဆိုတော့ အတိအကျ တော့ မသိရသေးပါဘူး။”လို့ ဒေါက်တာစိုးဝင်းက ပြောပါတယ်။

လူမှုဖူလုံရေး အကျိုးခံစားခွင့်ကို အလုပ်သမားတွေအနေနဲ့ လစာရဲ့ ၄၀ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိတာ ဖြစ်ပြီး ဒီငွေတွေကတော့ လစဥ်ထည့်ဝင်တဲ့ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေး အပ်ငွေတွေဖြစ်တာကြောင့် မိမိစုထားတဲ့ ငွေတွေကို ပြန်လည်ရရှိတာလို့လည်း သိရပါသေးတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာတော့ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာ တစ်ဦးရှိပြီး မလေးရှားပြန်တစ်ဦးဖြစ်တဲ့အဆိုပါ လူနာကိုတော့ ပုသိမ် ဆေးရုံကြီးမှာ ဆေးကုသမှုပေးလျက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က