ဇွန်လ ၁၃ရက်ကစတင်ဖွင့်လှစ်ခွင့်ပြုတာလို့သိရပါတယ်။
Kyaw Ko Ko Sint

ကိုဗစ်ရောဂါပိုး အတည်ပြုလူနာကင်းစင်သွားပြီဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ဘုရားစေတီတွေ၊ဘာသာရေး ကျောင်းဆောင်တွေကို လူဦးရေ အကန့်အသတ်နဲ့ ပြန်လည်သွားခွင့်ပြုပေးနေပြီလို့ တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က Duwunကိုပြောပါတယ်။

ရွှေမုဋ္ဌောဘုရား

ဘုရားတွေမှာ ကျွန်တော်တို့ လူဦးရေကို အကန့်အသတ်နဲ့ တက်ရောက်ဖူးမြော်ခွင့်ပြုထားသလိုဘာသာရေး ကျောင်းဆောင်တွေလည်း အတူတူပါပဲ။အဓိကက Social Distancig ကို တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်။” လို့ ဦးကျော်မြင့်က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာတော့ အပြင်ထွက်သူတိုင်း နှာခေါင်းစည်းကို တပ်ဆင်ရမှာ ဖြစ်တာကြောင့် ဘုရားဖူးသူတွေအနေနဲ့ မဖြစ်မနေ Mask ကိုတပ်ဆင်ရမှာလည်း ဖြစ်ပါတယ်။

“ဒီမှာကတော့ လူအားလုံး အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ရပါတယ်။မတပ်ရင် ကျွန်တော်တို့က ဒဏ်ငွေ ၃၀၀၀ ကောက်ခံပြီးသူ့ကို နှာခေါင်းစည်းတွေ ပြန်ပေးပါတယ်။ဒါကြောင့် လူတိုင်းကတော့ နှာခေါင်းစည်းတပ်ကြရပါ တယ်။”လို့ ဦးကျော်မြင့်က ဆက်လက်ပြောပါတယ်။

လက်ရှိမှာတော့ ဘုရားစေတီနဲ့ဘာသာရေးကျောင်းဆောင်တွေကို အကုန်လုံး မဖွင့်လှစ်နိုင်သေးပဲ စိစစ်ပြီး ကျန်းမာရေးသတ်မှတ်ချက်နဲ့ ညီညွတ်အောင် တိုင်းအတွင်းက ဘုရားစေတီ၊ ဘာသာရေးကျောင်းဆောင်တွေရဲ့ ၁၀ပုံ ၁ပုံ လောက်သာ ဖွင့်လှစ်ထားနိုင်ခြင်းသာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘုရားစေတီတွေ၊ဘာသာရေးကျောင်းဆောင်တွေကို တိုင်းအစိုးရက ဇွန်လ ၁၃ရက်နေ့ကတည်းက ပြန်လည်ဖွင့် လှစ်ခွင့်ပြုထားပြီး ဖြစ်ပေမယ့် သက်ဆိုင်ရာ ဘာသာရေးကျောင်းဆောင်တွေ၊ဘုရားစေတီတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ တွေ၊ဂေါပက အဖွဲ့တွေက လိုအပ်သလို စီမံဆောင်ရွက်ပြီး ဖွင့်လှစ်ခွင့်ပြုထားတယ်လို့ စည်ပင်သာယာရေးဝန်ကြီးက ဆိုပါတယ်။

မနေ့ည ၈ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ပိုးတွေ့လူနာဟောင်း တွေ ထဲက ရောဂါပိုး ပျောက်ကင်းသူ စာရင်းမှာ ဧရာဝတီတိုင်းက လူနာအမှတ် ၂၀၇ ပါဝင်သွားတဲ့အတွက် ဧရာဝတီ တိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာတစ်ဦးမှ မရှိတော့ပါဘူး။ကိုဗစ


ဆက်စပ်အကြောင်းအရာများ


က္က