နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၅) ဦးကို ဒီကနေ့ အောက်တိုဘာ ၃၀ ရက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာ အမိန့်ချမှတ်လိုက်ပါတယ်။
Mi Thawdar Aung

ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်းက သံချပ်ထိုးဖျော်ဖြေမှုမှာ တပ်မတော်ကို ထိခိုက်စေတဲ့ စာသားတွေ ပါဝင်စေတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချက်အဖွဲ့ဝင် (၅) ဦးကို ဒီကနေ့မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချက်အဖွဲ့ဝင် (၅) ဦးကို ယနေ့ ရုံးထုတ်လာစဉ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၅) ဦးကို ဒီကနေ့ အောက်တိုဘာ ၃၀ ရက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာ အမိန့်ချမှတ်လိုက်ပါတယ်။

သူတို့ငါးဦးဟာ စစ်ဆေးချက် အထောက်အထားတွေအရ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျုးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ခဲ့တာကြောင့် အမိန့်ချမှတ်ခဲ့တယ်လို့ ဒီအမှုရဲ့ တရားလိုဖြစ်သူဒုတိယဗိုလ်မှုးကြီး သန်းထွန်းမြင့်က မီဒီယာတွေကိုပြောခဲ့ပါတယ်။

စတင်တရားစွဲဆိုခဲ့တဲ့ ဧပြီလထဲက သူတို့ ငါးဦးကို အကျဉ်းထောင်မှာ ထိန်းသိမ်းထားခြင်းဖြစ်တာကြောင့် အခုဆို ၆ လကျော်အထိ ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချက်အဖွဲ့ဝင် (၅) ဦးကို ယနေ့ ရုံးထုတ်လာစဉ်။

ဒါကြောင့် သူတို့ (၅) ဦးဟာ ချုပ်ရက်ခံစားခွင့်ရရှိမှာ ဖြစ်တဲ့အတွက် နောက်ထပ် (၆)လခန့်သာ ထောင်ဒဏ်ကျခံရတော့မှာလည်း ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အဖွဲ့ဝင် (၅) ဦးကတော့ အယူခံဝင်ဖို့ရှိတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောပါတယ်။

''ဒီအမှုမှာ တရားခံဘက်က တင်ပြတဲ့ အကြောင်းအရာတွေကို ဦးစားပေး မသုံးသပ်ဘူး။ တရားလိုကတင်ပြတဲ့သက်သေခံအထောက်အထားတွေကို ဦးစားပေးသုံးသပ်သွားတယ်။ ကျောင်းသားတွေဘက်ကအယူခံဝင်ဖို့ရှိပါတယ်'' လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က သံချပ်ထိုးလိုက်လံဖျော်ဖြေရာမှာ တပ်မတော်ကို ထိခိုက်စေတဲ့ စာသားတွေပါဝင်တယ်ဆိုပြီးတော့ တပ်မတော်ဘက်ကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုထားတာဖြစ်ပြီး အမှုကို (၆) လ ကြာစစ်ဆေးနေခဲ့တာဖြစ်ပါတယ်။


က္က