လူ ၇၄၀ က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ရုပ်ပုံကားချပ် ၇၄၀ နဲ့ ပုံဖော်ခဲ့ကြပါတယ်။



Photo - Tharr Zaw (EROS)

ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံမှာ လူအယောက် ၇၄၀ ကနေ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဓာတ်ပုံ ကားချပ် ၇၄၀ ကို ကိုင်ဆောင်ကာ မနက် ၇ နာရီ မိနစ် ၄၀ အချိန်မှာ ရုပ်ပုံကို ပုံဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ရုပ်ပုံကားချပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ပုံဖော်တာမျိုး ပြုလုပ်တာကတော့ ဒါဟာပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နေရာအနှံ့မှာ မွေးနေ့ပွဲတွေ ပြုလုပ်ပေးနေကြပါတယ်။

"အမေစုရဲ့ ပြည်သူပြည်သားတွေက ဘယ်လိုချစ်လဲဆိုတာကို အမေစုကို သိစေချင်တယ်။ ဒီလိုမျိုးသက်သေပြရတဲ့ အရာလေးနဲ့ အမေစုကို ချစ်ကြောင်းပြရတာမို့ အန်တီတို့အနေဲ့ အရမ်းကျေနပ်ပါတယ်။"လို့ ပူးပေါင်းပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ လှိုင်မြို့နယ်က ဒေါ်မြတ်မြတ်ထွန်းက Duwun ကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးစဉ်က အသက် ၁ နှစ်နဲ့ ၁၁ သမီးအရွယ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၈၈ ခုနှစ်မှာ ပထမဆုံးအနေနဲ့ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က