၂၀၁၆- ၁၇ ဘဏ္ဍာာနှစ်မှာ တရားခံ ၂၈၄ ဦးကိုဖမ်းဆီးခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၁.၃ သန်းတန်ဖိုးရှိတဲ့ ဆင်စွယ်အပါအဝင် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေကို အောက်တိုဘာ ၄ ရက်နေ့မှာနေပြည်တော်မှာ ဖျက်ဆီးခဲ့ပါတယ်။

 

43030744_857368177803741_207646640671031296_n.jpg

Photo - WSC

 

တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းအလေးအချိန်ပေါင်း ၈၄၉.၂၅၉ ကီလိုဂရမ်ကို ဖျက်ဆီးခဲ့တာဖြစ်ပြီးတော့ ဆင်စွယ်ပေါင်း ၂၇၇ ပေါင်း၊ ဆင်အရိုး ၅ ချောင်း၊ ကျားနဲ့ တောကြောင်အရိုးမျိုးစုံ ၂၂၂ ချောင်း၊ သားရေမျိုးစုံ ၄၅ ချပ် ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ် အကြေးခွံပေါင်း ၄၅.၅ ကီလိုဂရမ်၊ အခြားအစိတ်အပိုင်း ၅၅ ကီလိုဂရမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဆင်စွယ်အပါအဝင် အခြားအစိတ်အပိုင်းအချို့ကိုလည်း မကြာခင်ဖွင့်လှစ်မယ့်ဆင်ပြတိုက်မှာထည့်သွင်းမယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလိုဖမ်းဆီးရမိတဲ့ တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းတွေကို မီးရှို့ဖျက်ဆီးတာက ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ နိုင်ငံအဆင့်တားဆီးနှိမ်နှင်းရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

Photo - WSC

၂၀၁၆- ၁၇ ဘဏ္ဍာနှစ်မှာ တောရိုင်းတိရိစ္ဆာန်တွေတရားမဝင် သတ်ဖြတ်ဖမ်းဆီးမှုတွေနဲ့ပါတ်သတ်ပြီးတော့ အမှုပေါင်း ၁၄၀ နဲ့ တရားခံ ၂၈၄ ဦးကိုအရေးယူထားတယ်လို့ သိရပါတယ်



က္က