ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်စုဒါလီအောင်အမှုကလည်း တရားရုံးကို ရောက်သွားပြီ။ အခုဆိုရင် ကျွန်မတို့ ကြားနေရတဲ့ အခြေအနေလေးတွေကတော့ စစ်ဆေးလိုက်တဲ့အခါ ပေါ်ပေါက်လာတာတွေ ရှိတော့ ပိုပြီးတော့ ကောင်းသွားတာပေါ့။

လူအများစိတ်ဝင်စားနေကြတဲ့ ဗစ်တိုးရီးယားအမှုရဲ့ ကိုးကြိမ်မြောက် ရုံးချိန်းကို ဒီကနေ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စစ်မေးသွားမှာ ဖြစ်ပါတယ်။ဒီကနေ့ စစ်ဆေးမယ့် ကိုးကြိမ်မြောက်ရုံးချိန်းမှာတော့ တရားရုံးက CCTV Hard disk ယူလာခိုင်းတာကို Computer System boxကြီးယူဆောင်လာဖူးတဲ့ Wisdom Hill ကျောင်းCCTVတာဝန်ခံကိုရန်နောင်ဌေးကို ပြန်လည်စစ်မေးမှာ ဖြစ်ပါတယ်။ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်ကတော့ ဗစ်တိုးရီးယားလေးရဲ့ မိခင်ဟာလည်း အမှုနဲ့ပတ်သတ်ပြီး သူမေးလိုတဲ့အကြောင်းအရာတွေကို တရားဝင်တင်ပြထားတယ်လို့ဆိုပါတယ်။

‘ကလေးလေးရဲ့ အမေက ဥပဒေရုံးကို စာတင်တယ်လို့ သိရပါတယ်။ လက်ခံတယ် ၊ လက်မခံဘူးတော့ မရှိဘူးပေါ့။ ဥပဒေရုံး ကို တင်တယ်ဆိုတော့ ကိုယ့်ရဲ့ သဘောထားကို တင်ပြတဲ့ သဘောပေါ့။ ကျွန်မတို့ အတွေ့အကြုံအရတော့ ခက်ပါတယ်။ ဒီလို အရေးကြီးတဲ့ အမှုတွေဆိုရင် သက်သေတွေ ပြည့်စုံအောင် ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ကြတာများပါတယ်။ ဘယ်လောက်ပဲ အရေးကြီးကြီး ကျွန်မတို့ကတော့ ကိုယ်သိတဲ့ အကြောင်းအရာအပေါ်မှာ မူတည်ပြီးတော့ အမှန်အတိုင်းပဲ စစ်ဖို့ပဲ ရှိပါတယ်။ အဓိကကတော့ ဥပဒေအရာရှိက ခေါင်းဆောင်ပြီး စစ်ဆေးတာဆိုတော့ ဥပဒေအရာရှိအဖွဲ့ ခေါင်းဆောင်က သူစစ်ဆေးမှုဟာ သူ့ရဲ့ ရဲစစ်မှုပေါ်ပေါက်ချက်အပေါ်မှာပဲ စစ်ဆေးသွားမယ်လို့ ကျွန်မတို့ ယူဆပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေမျိုးတွေ ရှိလဲဆိုတာ ကျွန်မတို့က တရားရုံးရောက်မှ သိရမှာပေါ့။ တရားလိုရဲ့ မိခင် နစ်နာသူဘက်ကလည်း မေးခွန်းတွေ မေးစရာရှိပါတယ်။ ဒါတွေကို ကျွန်မတို့ တရားဝင် တင်ပြထားပါတယ်။

နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား အမှုရဲ့ သံသယ တရားခံ ကိုအောင်ကြီးဘက်က လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ကို နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး (နိုင်လွတ်လုံ) အပါအဝင် ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဒေါ်ရွက်နုအောင်ကိုလည်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး ဒေါ်ဥမ္မာလှိုင်ရဲ့ ဒေါ်စုဒါလီအောင်အမှုနဲ့ တရားလိုရှေ့နေအပေါ် တိုင်ကြားထားမှုတွေဟာလည်း ဖြေရှင်းစရာမလိုတဲ့ အခြေအနေမှာရှိကြောင်း သူက ဆက်ပြောပါတယ်။

“ကောင်းတယ်လို့ပဲ ကျွန်မတို့ကတော့ ယူဆတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်စုဒါလီအောင်အမှုကလည်း တရားရုံးကို ရောက်သွားပြီ။ အခုဆိုရင် ကျွန်မတို့ ကြားနေရတဲ့ အခြေအနေလေးတွေကတော့ စစ်ဆေးလိုက်တဲ့အခါ ပေါ်ပေါက်လာတာတွေ ရှိတော့ ပိုပြီးတော့ ကောင်းသွားတာပေါ့။ မစစ်ဆေးရသေးရင် ဒေါ်စုဒါလီအောင်အပေါ် သို့လော သို့လော တွေ ဖြစ်ကြမယ်၊ ဒေါ်စုဒါလီအောင် ကိုယ်တိုင် တရားရုံးမှာ စစ်တယ်။ ဒီလိုအခြေအနေတွေမှာ ပေါ်ပေါက်လာတာတွေ ရှိတော့ ပိုကောင်းသွားတာပေါ့။ ကျွန်မတို့ကိုက အခုကတော့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတဲ့ အခြေအနေတွေမှာပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ကို တိုင်ကြားစာက ကျွန်မလက်ထဲကို ရောက်ပြီ။ ကျွန်မတစ်ယောက်တည်းပဲ ရှိသေးတယ်။ ကျန်တဲ့သူတွေက မသိရသေးဘူး။ ကျွန်မဘက်ကတော့ ကျွန်မလက်ထဲရောက်လာတဲ့ တိုင်ကြားစာကို ဖတ်ကြည့်တဲ့ အနေအထားအရ ကျွန်မတို့ဘက်က ဖြေရှင်းဖို့တောင်မှ သိပ်အချက်အလက်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တရားရုံးမှာ ဆောင်ရွက်တဲ့ အခြေအနေပေါ် မူတည်ပြီး တိုင်ကြားထားတာပေါ့။ တရားခွင်မှာ ဆောင်ရွက်ထားတဲ့ အကြောင်းအရာတွေကို တိုင်ကြားထားတာဆိုတော့ ဖြေရှင်းစရာတောင် မလိုပါဘူး”

ဒေါ်ဥမ္မာလှိုင်ရဲ့သား၂ယောက်ကိုတော့ သူတို့ရဲ့မိခင်ဖြစ်သူ ဒေါ်ဥမ္မာလှိုင်က ကလေးတွေရဲ့ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကြောင့် သက်သေအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ ခရိုင်တရားရုံးကိုတင်ပြထားပါတယ်။ဒါပေမယ့်တရားလိုဖြစ်သူ ဗစ်တိုးရီးယားမိခင်ကလည်း ဒီတင်ပြချက်ကို ကန့်ကွက်ထားပါတယ်။ ဒီကိုးကြိမ်မြောက်ရုံးချိန်းမှာတော့ သံသယတရားခံ ကိုအောင်ကြီး အာမခံ ရမရကို သိရတော့မှာဖြစ်ပါတယ်။





က္က