NLD ကတော့ ပြည်သူတွေတိုင်လို့ ရပ်ဆိုင်းလိုက်တာလို့ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကို ပါတီကနေ ထုတ်ပယ်တဲ့ ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး သူကိုယ်တိုင် သိရှိခြင်းမရှိသေးဘူးလို့ ဦးအောင်လှိုင်ဝင်းက Duwun ကို ဇန်နဝါရီလ ၂၁ ရက်နေ့ ကပြောပါတယ်။



Photo - Aung Hlaing Win - FB

မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ သူ့ကိုပါတီက ထုတ်ပယ်တာမဟုတ်ဘဲ လက်ရှိထမ်းဆောင်နေတဲ့ ပါတီတာဝန်ကသာ ရပ်ဆိုင်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

"အဓိကကတော့ ပြည်သူလူထုကတိုင်ကြားတဲ့ အတွက် စုံစမ်းစစ်ဆေးပြီးတော့ သူတာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်အလုပ်မှုဆောင်တာဝန်ကနေရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။"လို့ ဒေါက်တာမျိုးညွှန့်က Duwun ကိုပြောပါတယ်။

ဦးအောင်လှိုင်ဝင်းဟာ ငွေကြေးအမြောက်အမြား လိမ်လည်ခဲ့တယ်ဆိုတဲ့ ယောဂီဝတ် ဒေါ်နန္ဒမာလာ ကိစ္စကိုလည်း လူမှုကွန်ယက်မှာ ဖွင့်ချရေးသားခဲ့သူဖြစ်သလို၊ ရန်ကုန်တိုင်းအစိုးရက မူလပိုင်ရှင်တွေဆီကို ပြန်မပေးတဲ့ မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝကျေးရွာက သိမ်းဆည်းခံ လယ်မြေကိစ္စတွေနဲ့ ပတ်သက်ပြီး တိုင်းအစိုးရကို ကန့်ကွက်ခဲ့ဖူးပါတယ်။

ဦးအောင်လှိုင်ဝင်းကတော့ "ကျွန်တော့်ဆီကို အသိပေးတာမရှိသေးတာကြောင့် သတင်းတွေကပဲ ဖတ်ပြီးသိရပါတယ်။"လု့ိ Duwun ရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က