မန္တလေး CID ကအတည်ပြုပါတယ်။

လိမ်လည်မှု ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ယောဂီဝတ် ဒေါ်နန္ဒမာလာကို ဒီဇင်ဘာ ၂ ရက်နေ့ညနေက ရန်ကုန် မန္တလေးအမြန်လမ်းမှာ ဖမ်းဆီးလိုက်ပါတယ်။

Photo - စိုင်းမဟာထွန်း

ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီလောက်က အမြန်လမ်းမိုင်တိုင် ၂၈၄ မှာ အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မန္တလေး CID ကိုလွှဲပေးလိုက်ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဒေါ်နန္ဒမာလာဟာ ငွေကြေးလိမ်လည်မှုပေါင်းများစွာနဲ့ ပါဝင်ပတ်သက်နေတာကြောင့် ဖမ်းဝရမ်း ၃ ခုထုတ်ထားခြင်းခံရသူလည်းဖြစ်တယ်လို့ မန္တလေးတိုင်း CID တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ဒေါ်နန္ဒမာလာအကြောင်းကို ထုတ်ဖော်ခဲ့သူ မင်္ဂလာဒုံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကတော့ "သူ့ကို တရားစွဲမယ့်သူတွေတန်းစီနေပါတယ်။ ခုလိုအမှန်တရားပေါ်ပေါက်သွားတာကောင်းတယ်။"လို့ Duwun ကို ပြောပါတယ်။



က္က