လှိုင်တရားရုံးကလည်း ကျပ်သိန်းတစ်သောင်းနဲ့ပဲ အာမခံပေးခဲ့တာပါ။

ငွေကြေးလိမ်လည်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ယောဂီဝတ် နန္ဒမာလာကို ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ မင်္ဂလာဒုံတရားရုံးကနေ ကျပ်သိန်းတစ်သောင်းနဲ့ အာမခံပေးလိုက်ပါတယ်။

ဒါပေမယ့် ဒီနေ့မှာ ကျပ်သိန်းတစ်သောင်းတင်ပြနိုင်ခြင်း မရှိသေးတဲ့အတွက် တရားရုံးက ချုပ်မိန့်ထပ်ပေးလိုက်တယ်လို့ တရားခွင်မှာ ဝင်ရောက်နားထောင်ခဲ့သူတစ်ဦးက Duwun ကိုပြောပါတယ်။

မင်္ဂလာဒုံတရားရုံးမှာတော့ ဒေါ်နန္ဒမာလာဟာ ငွေကျပ်သိန်း ၁,၀၅၀ ကို လည်လိမ်ရယူခဲ့တယ်ဆိုပြီး မသန္တာဦးက တရားလိုလုပ်ကာ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

ယောဂီဝတ် နန္ဒမာလာဟာ လှိုင်မြို့နယ်ရဲစခန်း၊ မင်္ဂလာဒုံရဲစခန်းနဲ့ မဟာအောင်မြေရဲစခန်းတို့မှာ တရားစွဲဆိုခံထားရပြီး ဇန်နဝါရီ ၃ ရက်နေ့က ဒေါ်နန္ဒမာလာကို မန္တလေးမြို့ မဟာအောင်မြေတရားရုံးမှာ ရုံးထုတ်ခဲ့ကာ အာမခံပေးခဲ့ပါတယ်။ အဲ့ဒီနောက် လှိုင်မြို့နယ်တရားရုံးကလည်း ကျပ်သိန်းတစ်သောင်းနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အာမခံပေးခဲ့ပါတယ်။

နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ မင်္ဂလာဒုံတရားရုံးမှာ လာမယ့် ဇန်နဝါရီ ၃၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားတယ်လို့ သိရပါတယ်။



က္က