မန္တလေးမှာ ဖြစ်ပွားခဲ့တာပါ။
Hmue Eain Zaw

မန္တလေးမြို့က ကျူရှင်စာသင်ဆောင်တစ်ခုမှာ ခြင်ဆေးခွေကို အောက်ခံမီးခံပြားမပါဘဲ စာအုပ်ပုံအနီး ထွန်းညှိထားရာကနေ မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၇ လုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ကသိရပါတယ်။

38712013_1661752843952575_7533069206334472192_o.jpg

Photo _ MOI

သြဂုတ်လ ၈ နက်နေ့ မနက် ၄ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက် ၊ ဘုရင့်နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြား၊ ၅၄×၅၅ လမ်းကြား၊ အကွက်အမှတ် (ထထ-၁၃/၇၅) ရှိ ပြည်စိုးဟိန်း ကျူရှင်မှာ ထွန်းထားတဲ့ ခြင်ဆေးထွေကနေ စာအုပ်ပုံကို မီးကူးစက်လောင်ကျွမ်းရာကနေ တဆင့် နေအိမ်တွေကိုပါ ဆက်ပြီးလောင်ခဲ့တာပါ။

အဆိုပါ မီးလောင်ရကို  မီးငြှိမ်းသတ်ယာဉ် (၅၀) စီး၊ ရေသယ်ယာဉ် (၅) စီး၊ အုပ်ချုပ်မှုယာဉ် (၂) စီးနဲ့ ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ပေမယ့် နာရီဝက်လောက်အကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။

38764083_1661752753952584_2075380261020762112_n.jpg

Photo - MOI

မီးလောင်မှုကြောင့် သွပ်မိုးထရံကာ (၁) ထပ်နေအိမ် (၅) လုံး၊ သွပ်မိုးပျဉ်ကာ (၂) ထပ်နေအိမ် (၁) လုံး၊ အုတ်နံကပ် (၁) ထပ်နေအိမ် (၁) လုံး၊ စုစုပေါင်း နေအိမ် (၇) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စုတွေကို (စ)ရပ်ကွက်ရှိ ရတနာကိုးသွယ် ဓမ္မာရုံမှာ ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့နေအိမ်က မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ဖြူဖြူသင်းကိုတော့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းကအမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ မီးသတ်တပ်ဖွဲ့ကသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က