ညဈေးများဖွံ့ဖြိုးဖို့ကိစ္စနဲ့ပတ်သက်ပြီး အခုလိုပြောခဲ့တာပါ။

Night Marketတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကအဓိကမဟုတ်ဘဲ အရင်ဆုံးဈေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး ရောင်းဝယ်မှုစည်ကားလာရင်ငွေက သူ့အလိုလို နောက်ကလိုက်လာမှာပါလို့ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။


ရန်ကုန်မြို့က ညဈေးတွေစည်ကားဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက ငွေနောက်လိုက်ရင်အလုပ်ဘယ်တော့မှမဖြစ်ဘူးလို့ သြဂုတ်လ(၅)ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြို့တော်စည်ပင်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။



“ Night Market တွေဟာမြို့ကြီးတွေတိုင်းမှာရှိပါတယ်။ မြို့ကြီးတွေမှာဆိုတစ်နေရာတည်းမဟုတ်ဘူး။(၄)၊(၅) နေရာလောက်ကိုရှိပါတယ်။ ဘယ်မြို့ပဲဖြစ်ဖြစ် မြို့စည်ပင်လာပြီဆိုရင် ညကျထွက်စားကြတာနဲ့ဘာနဲ့။ ကျွန်တော်တို့က Night marketကိုတစ်ခုပဲလုပ်ပေးဖို့ရှိတယ်။ နေရာလွတ်တွေမှာ ကွန်ကရတ်ခင်းပြီးတော့ ရေ၊မီးလေးပဲ ပံ့ပိုးရုံပဲ။ ကျန်တဲ့ဟာက အမိုးအကာတွေဘာတွေစီစဉ်ပြီး သပ်သပ်ရပ်ရပ်ပြိုင်ဆိုင်ပြီးထားလို့ရှိရင် စားတဲ့သောက်တဲ့သူတွေလည်းအဆင်ပြေတယ်။ ဘယ်ဈေးနဲ့ရောင်းလည်းဆိုတဲ့အခါမှာ ကျွန်တော်တို့က Night Marketကို ဖွံ့ဖြိုးတိုးတက်ချင်တာ။ ပွင့်ပွင့်လင်းလင်းပြောရရင်ငွေက အဓိကမဟုတ်ဘူး" လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာတွေကိုပြောခဲ့ပါတယ်။





night marketတွေဖွံ့ဖြိုးတိုးတက်ပြီးရောင်းဝယ်မှု စည်ကားလာရင် ငွေဆိုတာက သူ့အလိုလိုနောက်ကလိုက်လာပြီးသား။ ငွေနောက်လိုက်မယ်ဆိုရင်အလုပ်ဘယ်တော့မှမဖြစ်ဘူး။ အလုပ်နောက်လိုက်မှ ငွေကနောက်ကလိုက်လာမှာလို့လည်း မြို့တော်ဝန်ကပြောပါတယ်။

night marketတွေကိုတိုးတက်အောင်လုပ်ရုံတင်မက သန့်သန့်ရှင်းရှင်းဖြစ်ဖို့လိုသလို တန်ရာတန်ကြေးထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချဖို့လိုတယ်လို့လည်းပြောပါတယ်။

လတ်တလောမှာတော့ ရန်ကုန်မြို့ကမ်းနားလမ်းညဈေးကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်နေပြီး ကွန်တိန်နာဘောက်(စ်) စားသောက်ဆိုင်တန်းတွေကိုပါထည့်သွင်းစီစဉ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

" ကမ်းနားလမ်းညဈေးအဆင့်မြှင့်တင်ခြင်းမှာ ကွန်တိန်နာဘောက်(စ်)စားသောက်ဆိုင်တန်းတွေလည်းပါဝင်မယ်။ အခုဆိုရင်လည်း ကွန်တိန်နာဘောက်(စ်) တွေနေရာချထားပြီးပြီ။ ကွန်တိန်နာဘောက်(စ်) စားသောက်ဆိုင်တန်းတွေငှားရမ်းမှုကလည်း ခုကုန်သလောက်နီးပါးဖြစ်နေပြီ။ အခုကမ်းနားလမ်းညဈေးမှာရောင်းချနေတဲ့ ဈေးသည်(၇၀)ကိုလည်း ဈေးအဆင့်မြှင့်တင်ပြီးတဲ့အခါမှာ နေရာပြန်ပေးဖို့ကိုလည်း စီစဉ်ဆောင်ရွက်လျှက်ရှိတယ်" လို့ ဈေးများဌာနမှ ဒုတိယဦးစီးမှူး ဦးသောင်းတင်က မီဒီယာတွေကိုပြောပါတယ်။

ကမ်းနားလမ်းညဈေးဟာ ယခင်က သစ်သီးတန်းနဲ့ အစားအသောက်ဆိုင်တွေကိုသာရောင်းချခွင့်ပြုထားတာပါ။ အဆင့်မြှင့်တင်ပြီးမယ့်အခါမှာတော့ အကျီ ၤဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေအပြင်၊ ကားပါကင်တွေ၊ ကလေးကစားကွင်းတွေနဲ့ အများပြည်သူအပန်းဖြေလို့ရမယ့်နေရာတွေ၊ ဖျော်ဖြေရေးစင်တာတွေကိုပါ ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က