အရေးယူဆောင်ရွက်ထားတာမျိုးလည်းမရှိသေးပါဘူး။
Ei Ei Htun

လက်ရှိမှာတော့ ရန်ကုန်မြို့မှာ မြို့နယ်အလိုက် လေလွင့်ခွေးတွေကို ခွေးရူးရောဂါကာကွယ်ဆေးများထိုးနှံပြီး သဘာဝဘေးမဲ့တော စောင့်ရှောက်ရေးဂေဟာကို ပို့ဆောင်လျှက်ရှိတယ်လို့ ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကပြောပါတယ်။

ခွေးတွေကို လမ်းမပေါ်မှာအစာကျွေးရင် ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ အရေးယူဆောင်ရွက်သွားမယ်လို့ မြို့တော်စည်ပင်က ပြောကြားခဲ့ပေမယ့် လက်ရှိအချိန်ထိ ထိုသို့ အရေးယူဆောင်ရွက်တာမျိုး မရှိသေးဘဲ ပညာပေးအဆင့်သာ ရှိသေးတယ်လို့ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ဆိုပါတယ်။ ဇူလိုင်လ(၁၁)ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးများ လှူဒါန်းခြင်းအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ ဒါနဲ့ ပတ်သက်ပြီး အရေးယူဖို့က သက်သေအတိအကျခိုင်မာမှ အရေးယူလို့ရတယ်။ အရေးယူဖို့သွ ားအကြောင်းကြားပြီး တရားရုံးတင်တဲ့အခါကျမှ မြန်မာလူမျိုးတွေက သက်သေလိုက်ဖို့ကိစ္စမှာ အလုပ်ရှုပ်တယ်ဆိုပြီး မလိုက်ချင်ကြဘူးဆိုရင်လည်း သက်သေမရှိတဲ့အတွက် အရေးယူလို့မရပါဘူး။ ဒါကြောင့် အခုကျွန်တော်တို့က ဒါမျိုးကျွေးရင်အရေးယူလို့ရတယ်ဆိုတာကို မြို့နယ်အလိုက် ပညာပေးရုံအဆင့်ဘဲရှိသေးတယ်။ အရေးယူထားတာမျိုး မရှိသေးဘူး။ ဘယ်ကာလထိ ပညာပေးကာလဖြစ်မလဲဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ မပြောလိုကြောင်းပါ“ လို့ ဒုတိယမြို့တော်ဝန်က မီဒီယာတွေကို ပြောကြားခဲပါတယ်။

၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေမှာ အများပြည်သူဆိုင်ရာနေရာတွေမှာ တိရစ္ဆာန်တွေကို အစာမကျွေးရဆိုတဲ့ တားမြစ်ချက်ကိုထည့်သွင်းထားပြီး ထိုဥပဒေအရ အရေးယူလို့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့မှာ မြို့နယ်အလိုက် လေလွင့်ခွေးတွေကို ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးများထိုးနှံပြီး သဘာဝဘေးမဲ့တော စောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်လျှက်ရှိပါတယ်။ စုစုပေါင်းခွေးအကောင်ရေ (၇၃၀) ကောင်ကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က