နေပြည်တော်က တိုက်ရိုက်စီမံခန့်ခွဲတာဖြစ်တယ်လို့ သိရပါတယ်။

ဆေးရုံကြီးတချို့မှာဓါတ်လှေကားပျက်စီးတာတွေအပါအဝင် အခြားပြုပြင်မှုတွေကို တိုင်းအစိုးရကနေ ချိတ်ဆက်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက တိုင်းလွှတ်တော်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြောပါတယ်။

တစ်နိုင်ငံလုံးမှ ပြည်သူများတက်ရောက်ကုသနေသည့် ရန်ကုန်ဆေးရုံကြီးအဝင်မြင်ကွင်း



ခုတင် (၂၀၀) အထက်ဆေးရုံတွေကို ကွင်းဆင်းပြီးတော့ လေ့လာရာမှာ ဆေးရုံတချို့မှာ ဓါတ်လှေကား ပျက်စီးယိုယွင်းနေမှုကို အချိန်မီပြုပြင်နိုင်ခြင်းမရှိဘဲနဲ့ ကြန့်ကြာနေရတာတွေကြောင့် တိုင်းအစိုးရအနေနဲ့ တစ်စုံတစ်ရာချိတ်ဆက်ဆောင်ရွက်ဖို့ ရှိမရှိကို သင်္ကန်းကျွန်းမဲဆန္ဒနယ် ဦးနေဘုန်းလတ်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ တိုင်းအတွင်းမှာရှိတဲ့ ဆေးရုံကြီးတွေမှာ ဓါတ်လှေကားပျက်စီးမှုတင်မကဘဲနဲ့ လိုအပ်တဲ့တခြားလုပ်ငန်းကိစ္စရပ်တွေကို ပြန်လည်ပြုပြင်တာနဲ့ ပြန်လည်ဖြည့်တင်းတာတွေလုပ်ဆောင်ဖို့အတွက် အမြန်ဆုံးအကောင်အထည်ဖော်နေပါတယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခုတင် (၂၀၀)အထက်ဆေးရုံတွေက ဗဟိုအဆင့်ဆေးရုံကြီးတွေဖြစ်ပြီးတော့ လိုအပ်ချက်တွေမှန်သမျှကို ကုသရေးဦးစီးဌာန နေပြည်တော်က တိုက်ရိုက်စီမံခန့်ခွဲတာဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံအုပ်ကြီးတွေကလည်း ကုသရေးဦးစီးဌာန၊နေပြည်တော်ကို ဆေးရုံကြီးတွေရဲ့ လုပ်ငန်းကိစ္စရပ်တွေကို တိုက်ရိုက်တင်ပြဆောင်ရွက်နေတာတွေရှိတယ်လို့ ပြောပါတယ်။

တိုင်းကျန်းမာရေးဦးစီးဌာနမှုးက ဦးဆောင်ပြီးတော့ ရန်ကုန်တိုင်းလွှတ်တော်၊လူမှုရေးနဲ့ စီမံခန့်ခွဲရေးကော်မတီက တင်ပြချက်တွေကို စိစစ်ပြီး အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပြီး တိုင်းလွှတ်တော်ကို ပြန်တင်ပြခိုင်းထားတယ်လို့ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်းက ဆေးရုံတွေမှာ ဆေးဝါးမပြည့်စုံတာ၊အခြေခံအဆောက်အအုံလိုအပ်ချက်မပြည့်စုံတာတွေရှိနေတယ်လို့ ဆေးကုသဖူးတဲ့ ပြည်သူတွေက ပြောဆိုနေတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က