လက်ရှိမှာ မိုးအနည်းငယ်ရွာသွန်းနေပြီး မြေကျွံမှုကလည်း အခြေအနေဆိုးတယ်လို့ဆိုပါတယ်။

စစ်ကိုင်း-မန္တလေးလမ်းမှာ ရေဆိုးထုတ်မြောင်းကျိုးပေါက်ခဲ့ပြီး မန္တလေး-စစ်ကိုင်းကားလမ်း မြေနိမ့်ကျွံဝင်နေတယ်လို့ မြေပြင်အခြေအနေကို သွားရောက်သတင်းရယူခဲ့တဲ့ Duwun ရဲ့ မန္တလေးမြို့ခံသတင်းထောက် ကိုနန္ဒက ပြောပြပါတယ်။

အမရပူရမြို့နယ် ယဉ်တော်ကျေးရွာအနီး အမှတ် (၂) ရေဆိုးထုတ်ပြွန်ပေါက်မှာ ပြွန်ချထားတဲ့နေရာကနေ ရေတိုက်စားပြီး မန္တလေး-စစ်ကိုင်းသွားတဲ့ လမ်းဘက်ခြမ်းကို မြေနိမ့်ကျွံဝင်သွားတာလို့ Duwun ရဲ့ မန္တလေးမြို့ခံသတင်းထောက်ရဲ့ ပြောပြချက်အရသိရပါတယ်။ 



လက်ရှိမှာ မိုးအနည်းငယ်ရွာသွန်းနေပြီး မြေကျွံမှုကလည်း အခြေအနေဆိုးတယ်လို့ဆိုပါတယ်။

 လက်ရှိ မြေပြင်အခြေအနေကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- ကိုနန္ဒ)

ဖြစ်စဉ်မှာ ဒီကနေ့ ည ၉ နာရီအချိန်လောက်ကစစ်ကိုင်း-မန္တလေးလမ်းမှာ ရေဆိုးထုတ်မြောင်းကျိုးပေါက်ခဲ့တယ်လို့ ဧရာဝတီမြစ်ရေတွေ ဝင်ရောက်နေကြောင်းသိရတာကြောင့် မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ (၁၁၆) ဦး၊ ရှာဖွေကယ်ဆယ်ရေး (၁၇) စီး၊ အုပ်ချုပ်မှုယာဉ် (၂) စီးတို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။

“ မြစ်ရေတွေက ရွာတွေထဲကို ဝင်လာလို့ ပြည်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်။ အနီးအနားက ဘုန်းကြီးကျောင်းတွေထဲကို ပြောင်းပေးထားရတယ်။ လက်ရှိရေဝင်နိုင်တဲ့ ရပ်ကွက်တွေမှာလည်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ပေးနေရပါတယ်။ တာရိုးပေါ်ကိုလည်း မြေဖို့တာတွေလုပ်ပေးနေတယ်” လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ဖြစ်စဉ်စတင်ဖြစ်ပွားတဲ့ ည ၉ နာရီအချိန်လောက်ကနေ ည ၁၁ နာရီမိနစ် ၄၀ အချိန်အထိ ၃ နာရီနီးပါးကြာတဲ့အထိ ကူညီကယ်ဆယ်ရေးတွေ မရပ်နိုင်သေးဘဲ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က