ဟားခါးမြို့ အထက (၂) ကျောင်းမှာ ဆရာ၊ဆရာမတွေ၊ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကျောင်းဆရာ၊ ဆရာမ ဖြစ်ချင်သူတွေများလာစေဖို့အတွက် ကြိုးစားနေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ခရီးစဉ်မှာပြောကြားလိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး

ချင်းပြည်နယ်ဟားခါးမြို့ကို ရောက်ရှိနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဟားခါးမြို့ အထက (၂) ကျောင်းမှာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီးတော့ လိုအပ်ချက်တွေမေးမြန်းစဉ်မှာ ပြောကြားခဲ့တာပါ။



“ ပြည်သူပြည်သားတွေ၊ ကျောင်းဆရာ၊ ဆရာမတွေလုပ်ချင်အောင် ကျွန်မတို့ စည်းရုံးနေပါတယ်။ တော်တော်များများက ဆရာ၊ ဆရာမအလုုပ်ကို အထင်မကြီးဘူး။ ပိုဝင်ငွေကောင်းမယ်ထင်တဲ့ အလုပ်တွေ၊ ပိုပြီးစိတ်ဝင်စားစရာကောင်းမယ်ဆိုတဲ့ အလုပ်တွေလုပ်ချင်ကြတယ်။ ဆရာ၊ ဆရာမအလုပ်လောက် တန်ဖိုးရှိတဲ့အလုပ်က နည်းပါတယ်။ လူတစ်ယောက်တည်းအတွက်သာမဟုတ်ဘဲ နောင်မျိုးဆက်တွေ အဆက်ဆက်အတွက် လုပ်ပေးတဲ့အလုပ်မို့လို့ ဆရာ၊ ဆရာမတွေ များများလုပ်ချင်အောင် ကြိုးစားနေပါတယ်။ ” လို့ အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မကွေးခရီးစဉ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ယောက်ျားလေးတွေ အနေနဲ့ ကျောင်းဆရာလျှောက်ထားမှု နည်းနေတာကြောင့် ကျောင်းဆရာအလုပ်ကို ပိုလုပ်ကြဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်က အထက (၂) ကျောင်းမှာ မူလတန်းကလေးငယ်တွေကို စာသင်ကြားပေးခဲ့ပြီးတော့ ကျောင်းရဲ့လိုအပ်ချက်တွေကိုပါ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က