ရန်ကုန်တက္ကသိုလ်မှာလည်းဖွင့်လှစ်ထားပါတယ်။

ကျောင်းသားကျောင်းသူတွေအရေးကြုံရင် ခုခံကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး မန္တလေးတက္ကသိုလ်မှာ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်လှစ်သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

Photo - မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ



မြန်မာ့သိုင်းအဖွဲ့ချုပ်နဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး လာမယ့် ဇန်နဝါရီလ ၁၅ ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး မန္တလေးတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေသာ တက်ရောက်နိုင်တယ်လို့ သင်တန်းစီစဉ်သူ ကိုစွမ်းထက်အောင်က Duwun ကိုပြောပါတယ်။

“ သိုင်းသင်တယ်ဆိုရင် ကိုယ်ကာယအတွက်လည်း ကြံ့ခိုင်တယ်။ ကျန်းမာရေးအတွက်လဲကောင်းတယ်။ တစ်ဖက်တစ်လမ်းက ကြည့်မယ်ဆိုရင် မိမိကိုယ်ကာကွယ်ဖို့လည်း အဆင်သင့်ဖြစ်တာပေါ့။ သင်တန်းသားကတော့ ဖောင်တင်သလောက် အကုန်လက်ခံပါတယ်” လို့ ကိုစွမ်းထက်အောင်က Duwun ကိုပြောပါတယ်။

သင်တန်းကြေးကတောေ့ အခမဲ့ဖြစ်ပြီး တတ်ရောက်လိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းသားသမဂ္ဂရုံးခန်းမှာ သင်တန်းလျှောက်လွှာတွေကို ဇန်နဝါရီလ ၁၄ ရက်နေ့ အထိနောက်ဆုံးထားဝယ်ယူနိုင်တယ်လို့သိရပါတယ်။ မြန်မာ့ရိုးရာသိုင်းသင်တန်းကို မန္တလေးတက္ကသိုလ်အပြင် ရန်ကုန်တက္ကသိုလ်မှာလည်း အခုပညာနှစ်မှစတင်ကာ သင်ကြားပေးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က