မိသားစုလိုက် မြေကြီးအောက်ရောက်ရှိ သေဆုံးသွားကြတာပါ။

ဇူလိုင် ၃၀ ရက်နေ့မနက်ပိုင်းက ကော့သောင်းက ပလုံးတုံတုံကျေးရွာမှာ တောင်မြေပြိုကျလို့ တောင်ကမ်းပါးအနီးမှာ ဆောက်ထားတဲ့ အိမ်တွေပေါ်ပြိုကျတာကြောင့် လူခြောက်ဦး မြေပိ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

Photo - Phyu Facebook Account





“မနက်ခြောက်နာရီလောက်မှာဖြစ်တာ။တောင်ကမ်းပါးမှာဆောက်ထားတဲ့ အိမ်ငါးလုံးပြိုတာမှာ သေဆုံးသူ၆ ဦးနဲ့ ဒဏ်ရာရတာ တစ်ယောက်ပေါ့။ အဲ့ဒီနေရာကအရင်တုန်းကလည်း မပြိုဖူးဘူး။အခု က မိုးအဆက်မပြတ်ရွာတာရယ်၊နောက်ပြီးတော့ ရာဘာစိုက်ပြီး တော့ အမြစ်ရှိတဲ့ အပင်ကြီးကြီးမားမားလုံးဝမရှိတာကြောင့့် အဲ့လိုဖြစ်တယ်လို့ တော့ယူဆရတယ်” လို့ ကော့သောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦး မြင့်မောင်က ပြောပါတယ်။



သေဆုံးသူတွေထဲမှာ မ ၂ ဦး၊အသက် ၁၂ နှစ်ဝန်းကျင်ကလေးငယ်တစ်ဦးအပါအဝင် ကျား ၄ ဦး သေဆုံးပြီး တစ်ဦးက ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။



"မိသားစုတစ်ခုလုံးပါသွားတဲ့ အိမ်တစ်အိမ်ပါတယ်။ အဲ့ဒီအနားမှာက အိမ်ကခြောက်အိမ်လောက်ရှိတာ။ အဓိက မိန်းလမ်းမှာက နှစ်အိမ်နဲ့ တောင်ယံမှာသုံးအိမ်ရှိတာမှာ ငါးအိမ်ပြိုကျတာပါ" လို့ သူက ပြောပါတယ်။



ပလုံးတုံတုံကျေးရွာက ကော့သောင်းကနေ လေးမိုင်လောက်သွားရတဲ့ ကျွန်းရွာဖြစ်ပြီးတော့ လူနေအိမ်ပေါင်း ၃၀၀၀ လောက်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။



လက်ရှိမှာ တောင်ပြိုကျတဲ့အနီးအနားက အိမ်တွေကိုတော့ ဘေးအန္တရာယ်ထပ်မဖြစ်အောင် ရွေ့ပြောင်းထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က