ဆိုင်အတွင်းပရိဘောဂပစ္စည်းတွေ၊ကျွမ်းကျင်ဝန်ထမ်းတွေ၊ဆိုင်သုံးပစ္စည်းတွေနဲ့ဝန်ထမ်းဝတ်စုံတွေကိုဆောင်ရွက်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။

ကော်ဖီဆိုင်ဖွင့်ရာမှာ စာချုပ်စည်းကမ်းအတိုင်း လုပ်မပေးဘဲ လိမ်လည်ခဲ့တဲ့ အသက် ၃၃ နှစ် အရွယ် ဗီယက်နမ်နိုင်ငံသားကို အမှုဖွင့်ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Photo - အိသူ

ရေကြောင်း အင်ဂျင်နီယာ အလုပ်လုပ်ကိုင်သူ ဦးအောင်သူဆိုသူကနေ Tea Shop ဆိုင်ဖွင့်လှစ်ဖို့အတွက် ဆိုင်ဆောက်လုပ်ပေးဖို့နဲ့ လိုအပ်တာတွေကို ဆောင်ရွက်ပေးဖို့ ဆိုပြီး သြဂုတ်လအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ F&B Consultant and Sctup ANZ Plus Jsc Group Co.Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဗီယက်နမ်နိုင်ငံသား Mr. Le Thein Phuc ကို သိန်း ၄၀၀ နဲ့ စာချုပ်ချုပ်ဆို လုပ်ငန်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၄ ရက်မှာ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်မှာ Easy Tea House အမည်နဲ့ ဆိုင်ဖွင့်ခဲ့ပေမယ့် စာချုပ်ပါစည်းကမ်းအတိုင်း ဆိုင်အတွင်းရှိ ပရိဘောဂ ပစ္စည်းတွေ၊ ကျွမ်းကျင်ဝန်ထမ်းတွေ၊ ဆိုင်သုံးပစ္စည်းတွေနဲ့ ဝန်ထမ်းဝတ်စုံတွေကို ပြည့်စုံအောင် ဆောင်ရွက်ပေးခဲ့ခြင်းမရှိတာကြောင့် အဆိုပါ ဗီယက်နမ်နိုင်ငံသားကို အရေးယူပေးဖို့ မင်္ဂလာတောင်ညွှန့် ရဲစခန်းကို တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။

လိမ်လည်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား Mr. Le Thein Phuc ကို မင်္ဂလာတောင်ညွန့် မြို့ရဲစခန်းက (ပ)၆၄၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က