ကျပ်(၁၀၀၀)တန်ထီလက်မှတ်ကို ဆုငွေကျပ်သိန်း(၂)သောင်းချီးမြှင့်မယ်ဆိုတဲ့ လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ ကြေညာချက်က သတင်းအမှားသာဖြစ်ပါတယ်။

ဇူလိုင်လ(၁)ရက်နေ့မှ ာဖွင့်လှစ်မယ့် ကျပ်(၁၀၀၀)တန် အောင်ဘာလေထီဖွင့်ပွဲမှာ ဆုငွေ ကျပ်သိန်းနှစ်သောင်း ချီးမြှင့်သွားမယ်လို့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ သိရပါတယ်။

( အင်တာနက်ပေါ်မှာ ပျံ့နှံ့နေသော ကြေညာချက်အတု)

ဒီကြေညာချက်ဟာ သတင်းအမှားသာ ဖြစ်တယ်တယ်လို့ပြည်တွင်းအခွန်များဦးစီးဌာန ပြန်ကြားရေးအဖွဲ့ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Duwun ကိုပြောပါတယ်။

“အခု အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ဇူလိုင်လ (၁)ရက်နေ့ ဖွင့်လှစ်မယ့် ကျပ်(၁၀၀၀)တန်အောင်ဘာလေထီဆုမှာ ဆုငွေကျပ်သိန်း(၂)သောင်းချီးမြှင့်မယ်ဆိုတဲ့ ကြေညာချက်က သတင်းအမှားပဲ ဖြစ်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ ထုတ်ပြန်တဲ့ကြေညာချက်တွေအားလုံးကို နိုင်ငံပိုင်သတင်းစာတွေနဲ့ ဌာနရဲ့ဝက်ဘ်ဆိုက်မှာဘဲ ကြေညာလေ့ရှိတာပါ။ အပြင်မှာ ဒီလိုမျိုးပျံ့နှံ့ပြီး ထုတ်ပြန်ခြင်းမပြုပါဘူး" လို့ ဒေါ်ဆွေဆွေခိုင်က ဆိုပါတယ်။

ကျပ်(၁၀၀၀)တန်ထီလက်မှတ်ကို ဖေဖော်ဝါရီလက စတင်ရောင်းချခဲ့ပြီး ထီဆုငွေကိုကျပ် သိန်း ၁၅,၀၀၀ (သိန်းတစ်သောင်းခွဲ) ချီးမြှင့်တာပါ။ (၁၀၀၀)တန်ထီလက်မှတ်ကို စတင်မရောင်းချခင်ကတည်းက ပြည်သူတွေကြားမှာ စိတ်ဝင်စားမှုတွေမြှင့်တက်လျှက်ရှိခဲ့ပြီး ရောင်းချခဲ့စဉ်မှာလည်း (၅၀၀)ကျပ်တန်ထီလက်မှတ်ထက် ရောင်းအားပိုကောင်းခဲ့ပါတယ်။ ယခု မေလ(၁)ရက်နေ့မှာဖွင့်လှစ်မယ် ကျပ်(၁၀၀၀)တန်အောင်ဘာလေထီဖွင့်ပွဲက တတိယအကြိမ်မြောက်ဖွင့်လှစ်မှာပါ၊

Share

Loading Next Article...
က္က