ပြီးခဲ့တဲ့ စနေနေ့ကတည်းက စတင်ရေကြီးခဲ့တာပါ။
ရွှေကျင်မြို့မှာတော့ ရပ်ကွက် (၈)ခု ကျေးရွာ (၃၁)ရွာရှိပြီး အားလုံးက ရေကြီးနေတာကြောင့် ရေဘေးသင့်လူဦးရေလည်းများသလို ကယ်ဆယ်ရေးစခန်း(၁၂)ခုအပြင် နောက်ထပ်ရေဘေးကယ်ဆယ်ရေးစခန်း (၂)ခုကိုလည်း အရံထားထားတယ်လို့ ရွှေကျင်မြို့ထွေအုပ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဧပရယ်က ပြောပါတယ်။

photo-Daw April


ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့မှာ စစ်တောင်းမြစ်ရေတက်မှုကြောင့် ရွှေကျင်မြို့နယ်အတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူ (၈,၀၀၀) ကျော်လောက်က ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။

“မိုးကလည်း အဆက်မပြတ်ရွာနေတော့ ရေကလည်း စင်တီမီတာအလိုက် တက်လိုက်၊ ကျလိုက်ဖြစ်နေတာ။ အခုက စိုးရိမ်ရေမှတ်ကို ကျော်နေပြီ။ ရွှေကျင်ရဲ့ စိုးရိမ်ရေမှတ်က (၇၀၀)စင်တီမီတာ၊ ခုရေမှတ်က (၈၀၀) ကျော်နေပြီ။ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ကလည်း ၁၀၇၀ ကို ခုက ၁၂၀၀ကျော်နေပြီဆိုတော့ စစ်တောင်းမြစ်ရေ တက်လေ မြို့ထဲရေဝင်လေဖြစ်နေတာ။ ခုကရွှေကျင်မြို့ပေါ်တင်မဟုတ်ဘူး။ မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်တွေကော၊ ကျေးရွာတွေကော အကုန်ကြီးနေတာ။ ရေကြီးတာကလည်း ပြီးခဲ့တဲ့ စနေနေ့လောက်ကတည်းကဆိုတော့ ရက်ကလည်းရှည်နေပြီ။ ရေဘေးသင့်ပြည်သူလူဦးရေကလည်းများတော့ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကော၊ စားနပ်ရိက္ခာတွေပါ လိုအပနေတယ်”လို့ ရွှေကျင်မြို့ ထွေအုပ်ရုံးမှ ဒုဦးစီးမှူး ဒေါ်ဧပရယ်က မှ Duwun ကိုပြောပါတယ်။

photo-Daw April

မနေ့က သြဂုတ်လ(၇)ရက်နေ့ထိကို ကယ်ဆယ်ရေးစခန်း(၁၂)မှာ အိမ်ခြေ(၁၃၇၉)အိမ်၊ လူဦးရေ(၈၅၇၁)ဦး ပြောင်းရွှေ့နေထိုင်လျှက်ရှိတယ်လို့ ဒေါ်ဧပရယ်ကပြောပါတယ်။ နောက်ထပ်ကယ်ဆယ်စခန်း(၂)ခုကိုလည်းကိုအရံထားထားတယ်လို့လည်းသိရပါတယ်။ ရွှေကျင်မြို့နယ်မှာတော့ ရပ်ကွက်(၈)ခု ကျေးရွာ(၃၁)ရှာရှိပြီး ရပ်ကွက်၊ကျေးရွာအားလုံးရေကြီးနေတာဖြစ်ပြီးတော့ ဒါကလည်းနှစ်တိုင်းဖြစ်လေ့ဖြစ်ထရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က