သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူးတို့ကိုအရေးယူခဲ့တာပါ။

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ယောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သိရပါတယ်။

သဲကုန်းမြို့နယ်၊အင်းမြို့နေ နစ်နာသူတို့က သဲကုန်းမြို့၊အင်းမမြို့၊သီရိကန်သာရပ်ကွက်က အုတ်လုပ်ငန်းရှင်တွေဆီက အုတ်ထုတ်လုပ်မှုအတွက် ငွေတွေကောက်ယူပြီးတော့ လိုင်စင်မထုတ်ပေးဘဲ ကိုယ်ကျိုးရယူသုံးစွဲနေတဲ့အတွက် ကော်မရှင်ကို တိုင်ကြားမှု အရအရေးယူခဲ့တာပါ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ သဲကုန်းမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနက လက်ထောက်ဦးစီးမှူး ဦးခင်ဇော်က ဥပဒေနဲ့ အညီရထိုက်ခွင့်မရှိတဲ့ ငွေကျပ် ခြောက်သိန်းခွဲကို လက်ခံရယူခဲ့ပြီးတော့ သဲကုန်းမြို့ အုပ်ချုပ်ရေးမှူးဦးလွင်မင်းက မြေနီလုပ်ငန်းရှင်ဆီကနေ ငွေကျပ် (၃၇ ) သိန်းကိုလက်ခံရယူခဲ့တဲ့အပြင် အုတ်ဖုတ်ရာသီအတွင်းမှာ ရခွင့်မရှိတဲ့ ငွေကျပ် ၂၂ သိန်းကျော်ကို ရယူခဲ့တာ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းသာလှ က အုတ်ဖုတ်ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်တွေထဲက ကောက်ခံငွေရရှိတဲ့ငွေတွေထဲက ငွေ (၈) သိန်းနဲ့ ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်းကောက်ခံရာက ငွေ (၄) သိန်းတို့ကို ရယူခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ နှစ်ဦးက ရာထူးကို အလွဲသုံးစားပြုလုပ်ပြီး အဂတိလိုက်စားတာကြောင့် သဲကုန်းအုပ်ချုပ်ရေးမှူး ဦးလွင်မင်း၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှနဲ့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာန လက်ထောက် ဦးစီးမှူးဦးခင်ဇော်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ၅၆ အရ သဲကုန်းမြို့မ ရဲစခန်းမှာ ပထမသတင်းပေးတိုက်ကြားချက်ဖွင့်ပြီး တရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

 ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ သဲကုန်းမြို့မရဲစခန်းတွင် ၂၄-၁-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။တိုင်ကြားစာ



က္က