loading...

loading...

loading...

ကံစမ်းနိုင်မယ့် ဆုမဲပေါင်း (၁၅၀)ကျော်ပါဝင်ပြီး ဆုရရှိသွားသူတွေကို ဖေဖေါ်ဝါရီ (၁၄)ရက်နေ့က Electrolux Facebook Page မှ မဲနှိုက်ကြေညာပေးခဲ့တာပါ။
Phyo Min Thant

အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဖြန့်ချီရောင်းချနေတဲ့ Electrolux ရဲ့ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် “100 Years of Bonding Through Sustainable Innovation” ကံစမ်းမဲအစီအစဉ်အတွက် ဆုပေးပွဲကို မတ်လ (၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ကံစမ်းမဲအစီအစဉ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက စတင်ခဲ့တာဖြစ်ပြီး မြန်မာငွေကျပ် (၁)သိန်းဖိုးဝယ်ယူသူတိုင်း ကံစမ်းခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

ကံစမ်းနိုင်မယ့် ဆုမဲပေါင်း (၁၅၀)ကျော်ပါဝင်ပြီး ဆုရရှိသွားသူတွေကို ဖေဖေါ်ဝါရီ (၁၄)ရက်နေ့က Electrolux Facebook Page မှ မဲနှိုက်ကြေညာပေးခဲ့တာပါ။အထူးဆုတွေအနေနဲ့ ရွှေတစ်ကျပ်သား၊ Side by Side ရေခဲသေတ္တာ၊ 2Door ရေခဲသေတ္တာ၊ အရှေ့ဖွင့်အဝတ်လျှော်စက်၊ အပေါ်ဖွင့်အဝတ်လျှော်စက်တွေနဲ့ မိုက်ခရိုဝေ့မီးဖိုစတာတွေကို ချီးမြှင့်ပေးခဲ့ပါတယ်။

Electrolux ကို ၁၉၁၉ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခုလက်ရှိအချိန်မှာတော့ ဥရောပနိုင်ငံတွေအပြင် အရှေ့တောင်အာရှ ဈေးကွက်အတွင်းမှာပါ အောင်မြင်စွာ ထုတ်လုပ် ဖြန့်ချီရောင်းချနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဈေးကွက်အတွင်းမှာတော့ MEDG Groups Co., Ltd က Electrolux အိမ်သုံး လျှပ်စစ်ပစ္စည်းတွေကို Professional Distribution Company အနေနဲ့ ဖြန့်ဖြူးရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

Electrolux အနေနဲ့ သုံးစွဲသူတွေအတွက် အစားအစာတွေ ချက်ပြုတ်ရာမှာ အရသာပိုကောင်းမွန်အောင် “Taste Care” ၊ အဝတ်အထည်တွေပိုမို တာရှည်ခံစေရေးအတွက် “Fabric Care” ၊ ပိုမို ကောင်းမွန်တဲ့ လူနေထိုင်မှုပုံစံကို ရရှိအောင် “ Well Being” စတဲ့ အဓိက စံသတ်မှတ်ချက်တွေနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချိရောင်းချနေပါတယ်။

(ဒီသတင်းကို Electrolux Myanmar မှပံ့ပိုးကူညီထားပါတယ်)


loading...

က္က