အလောင်းကို ရှာဖွေနေဆဲဖြစ်ပါတယ်။
Mi Thawdar Aung

တောင်ဥက္ကလာပမြို့နယ် ဘေလီတံတားပေါ်ကနေ အသက် (၂၉) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး နိုဝင်ဘာလ ၂၇ ရက် ညနေ ၄ နာရီခန့်ခုန်ချသေဆုံးခဲ့တယ်လို့သိရပါတယ်။

Photo- Wai Kar Yan - Yangon

ခုန်ချသေဆုံးပြီးတဲ့နောက် ခရီးဆောင်အိတ်နဲ့ ဖိနပ် ကျန်ရှိခဲ့ပြီး ခရီးဆောင်အိတ်အတွင်းမှာ စာတစ်စောင်ရေးသားထားတာကို တွေ့ရှိခဲ့ရတယ်လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က Duwun ကိုပြောပါတယ်။

“ သေတမ်းစာလိုရေးထားတဲ့စာတစ်စောင်ကိုတွေ့တယ်။ ကျွန်တော်သေခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အကြောင်းရင်း ဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး။ ကျွန်တော့်ကို ကောင်းကောင်းသဂြိုလ်ပေးကြပါဆိုပြီး စာရွက်ပေါ်မှာ လက်ရေးနဲ့ ရေးထားတာပါ။” လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ခရီးဆောင်အိတ်အတွင်းမှာ အလုပ်လျှောက်လွှာတစ်ခုကိုလည်း တွေ့ရပြီး နေပြည်တော်ဇေယျာသီရိမြို့နယ်မှာ နေထိုင်သူ ဖြစ်ကြောင်း၊ ယခင်က နေပြည်တော်ရှိ ဟိုတယ်တစ်ခုမှာ House Keeping အဖြစ် လုပ်ကိုင်ဖူးသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

Photo- Wai Kar Yan - Yangon

လက်ရှိတော့ ခုန်ချသေဆုံးသွားခဲ့သူရဲ့ အလောင်းကို နိုဝင်ဘာ ၂၈ ရက်နေ့လယ်ပိုင်းအထိ မတွေ့ရှိသေးဘဲ ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ်ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့် ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။


က္က