ဇန်နဝါရီ ၁၈နဲ့ ၁၉ ရက်တို့မှာ ပြုလုပ်ခဲ့တာပါ။

မြန်မာနိုင်ငံ လေထီးခုန်အဖွဲ့ချုပ်နဲ့ ထိုင်းနိုင်ငံက စက်တပ်လေထီးခုန်အဖွဲ့တို့ပူးပေါင်းပြီး အဖွဲ့လိုက်အလှပြစီးနင်းပျံသန်းမှုကို မန္တလေးမှာ ဇန်နဝါရီ ၁၈ နဲ့ ၁၉ ရက်မှာပြုလုပ်ခဲ့ပါတယ်။

Photo- Phoe Lone

“ ကျွန်တော်တို့က ၁၈ ရက်နေ့ ညဘက်မှာလည်း ဦးပိန်တံတားဘက်မှာအလှပြ ပျံသန်းတာလုပ်ခဲ့တယ်။ ၁၉ ရက်မှာလည်းပြင်ဦးလွင်ဘက်မှာ အလှပြပျံသန်းမှာဖြစ်ပါတယ်။” လို့ မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်က အတွင်းရေးမှုး ဦးအောင်နိုင်သူက Duwun ကိုပြောပါတယ်။

Photo- Phoe Lone

ပထမဆုံးအကြိမ်အဖြစ်အဖွဲ့လိုက်ပျံသန်းမှုကို အမရပူရ တောင်သမာန်အင်းဝန်းကျင် မှာ ပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူတွေကို လှုဒါန်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စီးနင်းသူတွေထဲမှာ ထိုင်းနိုင်ငံက ၄ ဦး ၊မြန်မာနိုင်ငံက ၄ ဦးရှစ်ဦးပါဝင်ခဲ့ပြီး စာသင်ကျောင်းတွေမှာပါ လှုဒါန်းမှုပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုစီးနင်းတာကို မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်က စီစဉ်တာဖြစ်ပြီးတော့ ထိုင်းနိုင်ငံက ပါရာမိုတာ ပျံသန်းမှုကျွမ်းကျင်သူတွေနဲ့ ပူးပေါင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။



က္က