ဥပဒေအတိုင်းစစ်ဆေးဖို့ကိုလည်းMIU အုပ်ချုပ်ရေးအဖွဲ့က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။
Ei Ei Htun

မောင်ကျော်ဇင်ဝင်းသေဆုံးမှုမှာ အလုပ်ခွင်ကပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်း(၃)ဦးကို တရားဥပဒေတိုင်းစစ်ဆေးပြီး အမှုမှန်ပေါ်ပေါက်ဖို့ MIU ကရဲတပ်ဖွဲ့နဲ့ ပူးပေါင်းမယ်လို့လည်းသိရပါတယ်။


Myanmar Imperial University (MIU)မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်ကျော်ဇင်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး အလုပ်ခွင်မှ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်း(၃)ဦးကိုစစ်ဆေးမှုတွေအလုပ်ခင် အလုပ်မှ ယာယီရပ်ဆိုင်းထားသလို တရားဥပဒေအတိုင်း စစ်ဆေးအရေးယူဆောင်ရွက်နိုင်ရန်လည်း MIU အုပ်ချုပ်ရေးအဖွဲ့က သာကေတမြို့နယ်ရဲစခန်းကို အကြောင်းကြားပြီးဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ(၂၆)ရက်နေ့မှာ MIU က ထုတ်ပြန်ကြေညာထားပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ကလည်း လုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားသလို အမှန်တရားပေါ်ပေါက်ရေးကိုလည်း ရဲတပ်ဖွဲ့အတူ MIU အနေနဲ့ကလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မနေ့က ဇွန်လ(၂၅)ရက်နေ့က မောင်ကျော်ဇင်ဝင်းသေဆုံးမှုမှာ အလုပ်ခွင်ကပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်း(၃)ဦးကို အလုပ်ကယာယီရပ်ဆိုင်းထားကြောင်းကို MIU ကထုတ်ပြန်ခဲ့ပါတယ်။

မောင်ကျော်ဇင်ဝင်းဟာ အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရမှု၊ နှောက်ယှက်ခံရမှုတွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေရကြောင်းကို သူမသေခင် သူ့ရဲ့လူမှုစာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

သူဟာ ဆေးသောက်ပြီးကိုယ့်ကိုကိုယ် သတ်သေခဲ့တာပါ။ ဒီကနေ့ဇွန်လ(၂၆)ရက်နေ့ ညနေ(၅)နာရီမှာတော့ မာင်ကျော်ဇင်ဝင်းရဲ့ နာရေး ဈာပနာကိုကျင်းပပြုလုပ်သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က