စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့အဖြေမထွက်ခင်အထိ ယာယီရပ်ဆိုင်းသွားမှာပါ။
လုပ်ငန်းခွန်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး  စုံစမ်းစစ်ဆေးမှုတွေကို MIU ကပွင့်လင်းမြင်သာစွာ ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။


Myanmar Imperial University (MIU)မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်ကျော်ဇင်ဝင်းသေဆုံးမှုနဲ့ ပက်သက်ပြီး အလုပ်ခွင်မှ ပါဝင်ပက်သက်နေတဲ့ ဝန်ထမ်း(၃)ဦးကို စစ်ဆေးမှုတွေအလုပ်ခင် အလုပ်မှ ယာယီရပ်ဆိုင်းထားတယ်လို့ MIU မှ ဒီကနေ့ဇွန်လ (၂၅)ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။



မောင်ကျော်ဇင်ဝင်းဟာ အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရမှု၊ နှောက်ယှက်ခံရမှုတွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေရကြောင်းကို သူမသေခင် သူ့ရဲ့လူမှုစာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီအချက်ကြောင့် လုပ်ငန်းခွန်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အဖြေမထွက်ခင်မှာ ဒီကိစ္စမှာ ပါဝင်ပက်သက်နေတဲ့ MIU ကဝန်ထမ်း(၃)ဦးကို အလုပ်မှ ယာယီရပ်ဆိုင်းထားခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။







ကျောင်းအနေနဲ့ကလည်း မောင်ကျော်ဇင်ဝင်း သေဆုံးမှုနဲ့ ပက်သက်ပြီး MIUရဲ့ဆောင်ရွက်ချက်အားလုံးကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

မော်ကျော်ဇင်ဝင်းဟာ လုပ်ငန်းခွင်မှာ ကျား-မလိင်စိတ်ခံယူမှုဆိုင်ရာနဲ့ ရာထူးကြီးငယ်အနိုင်ကျင့်မှုတွေကို ခံခဲ့ရတယ်လို့ သူမသေခင်ရေးသားခဲ့တဲ့ စာအရသိရပါတယ်။

သူဟာ ဆေးသောက်ပြီးကိုယ့်ကိုကိုယ် သတ်သေခဲ့တာပါ။ ဇွန်လ(၂၆)ရက်နေ့မှာတော့ မောင်ကျော်ဇင်ဝင်းရဲ့ နာရေး ဈာပနာကိုကျင်းပပြုလုပ်သွားမှလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က