အကူအညီတောင်းလို့ ဘဏ်ကို ငွေလာလွှဲပေးရင်းနဲ့ ငွေစက္ကူအတု တွေ့ရှိခဲ့တာပါ။

မောင်တောမြို့နယ်က ကမ္ဘောဇဘဏ်ခွဲမှာ ငွေလာလွှဲလာတဲ့သူဆီကနေ တစ်သောင်းတန် အတု ၄၀၁ ရွက် (သိန်း ၄၀) ဖိုး တွေ့ရှိခဲ့တာကြောင့် ဗဟိုဘဏ်ဥပဒေနဲ့ အရေးယူ ဖမ်းဆီးထားတယ်လို့ ပြည်ထဲေရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Photo- Ministry of Home Affairs, Myanmar

ဇနန်ဝါရီလ ၇ ရက်နေ့ နေ့လည်ပိုင်းက ဇော်လင်းထက်ဆိုသူမှာ ငွေစက္ကူအတု ၄၀၁ ရွက်နဲ့ ငွေလွှဲဖို့ ရောက်ရှိနေတဲ့သတင်းအရ မောင်တောမြို့နယ်ရဲတပ်ဖွဲ့ က သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

စစ်ဆေးချက်အရ ဇော်လင်းထက်ဆိုသူက သူမောင်းနှင်တဲ့ ယာဉ်ပိုင်ရှင် သန်းဝင်းမောင် စေခိုင်းမှုအရ ပုဏ္ဍားကျွန်းမြို့နယ်နေ ဦးဇော်ဇော်ဆိုသူက ကားရောင်းရငွေတွေကို ယူခိုင်းတာကြောင့် ဇန်နဝါရီ လ ၅ ရက်နေ့တုန်းက ဝေသာလီကျေးရွာနေ အမျိုးသားတစ်ဦးဆီက သိန်း ၁၀၀၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဝေသာလီကျေးရွာက သံချောင်းဆိုသူဆီကနေ ၁၆၂ သိန်း ၅ သောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ သန်းဝင်းမောင်ဆီကနေ ၁၃၈ သိန်း ၅ သောင်းတို့ကိို သွားရောက်ယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီနောက် ဇော်လင်းထက်မှာ တစ်ဦးချင်းရဲ့ ငွေတွေကိုသီးခြားစီထုတ်ပြီးသန်းဝင်းမောင်က အကူအညီတောင်းလို့ ဒေါ်သန်းသန်းစိုးရဲ့ ဘဏ်အကောင့်ကို လွှဲပြောင်းစဉ်မှာ သံချောင်း ပေးထားတဲ့ ၁၆၂ သိန်း ၅ သောင်းထဲကနေ တစ်သောင်းတန် အတု ၄၀၁ ရွက် ( သိန်း ၄၀) ဖိုးမှာ အတုတွေဖြစ်နေခဲ့တယ်လို့သိရပါတယ်။

က်ရှိတာ့ ငွေစက္ကူအတု လက်ဝယ်တွေ့ရှိသူ ဇော်လင်းထက် ကို ဖမ်းဆီးထားပြီး မောင်တောမြို့မ ရဲစခန်း(ပ)၆/၂၀၁၉၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။



က္က