ကျိုက်ထိုမှာ ဖမ်းဆီးရမိခဲ့တာပါ။

တောင်ဥက္ကလာပမြို့နယ်ကနေ ဗဟိုအမျိုးသမီးဆေးရုံကို သွားရောက်ဖို့ အငှားယာဉ် စောင့်ဆိုင်းနေတဲ့ အမျိုးသမီးဆရာဝန်တစ်ဦးကို အိမ်စီးကားအသုံးပြုပြီး ရိုက်နက်လုယက်မှုကျူးလွန်သူ ၂ ဦးကို ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဖမ်းဆီလိုက်ပြီဖြစ်ပါတယ်။





ဖြစ်စဉ်ကတော့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ ဆရာဝန်မ တစ်ဦးဟာ ဝေဇယန္တာလမ်းမကြီးထောင့်ကနေ ဗဟိုအမျိုးသမီး ဆေးရုံကို တက္ကစီငှားရမ်း စီးနင်းခဲ့ပါတယ်။



ယာဉ်မောင်းအမျိုးသားက အိမ်မှာ ပစ္စည်းဝင်ယူစရာရှိတယ်လို့ ပြောဆိုပြီး ၃ ရပ်ကွက်အတွင်း မောင်းနှင်ခဲ့ရာ ငွေကြာယံဘုန်းကြီးကျောင်းရှေ့ ၁၃ လမ်းအရောက်မှာ ကားရပ်ပြီး ကားနောက်ခန်းမှ ဆရာဝန်မကို လည်ပင်းညှစ်နေချိန် အမျိုးသမီးတစ်ဦး ထပ်မံရောက်လာပြီး သူတို့နှစ်ဦးပူးပေါင်းကာ ဆရာဝန်မကို ၁ ပေခန့်ရှိတဲ့ အလူမီနီယံချောင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

 တက္ကစီ ငှားစီးရာမှ ဆရာဝန်အမျိုးသမီး ရိုက်နှက်လုယက်ခံရ

အဲဒီနောက်ဆရာဝန်မရဲ့ကျာက်စိမ်းလော့ကတ်သီးပါ ရွှေဆွဲကြိုး ၁ ကုံး၊ စိန်နားကပ် ၁ ရံ၊ လက်ကိုင်ဖုန်း ၁ လုံး၊ ထီး ၁ ချောင်း၊ ငွေစက္ကူရောရာ ၅၀,၀၀၀ ကျပ်တို့ကို လုယူခဲ့တယ်လို့ ရဲတပ်ဖွဲ့က စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။



ရိုက်နှက်ခဲ့ရမှူကြောင့် ဆရာဝန်မမှာ နဖူး၊ ဦးခေါင်း၊ ဝဲပါးတိုမှာ ဖူးရောင်ဒဏ်ရာတွေရရှိခဲ့တာကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့တင်ပို့ခဲ့တယ်လို့သိရပါတယ်။



အဲ့ဒီနောက် အထူးအမှုစစ်အဖွဲ့က ကျူးလွန်ရာမှာ အသုံးပြုခဲ့သည့်မော်တော်ယာဉ်နံပါတ်ကတဆင့် လိုက်တဲ့ အခါမှာ ကားက ငှားထားတာဖြစ်ကြောင်းသိရပြီး၊ ပိုင်ရှင်ဆီကတဆင့် စုံစမ်းရာမှာ ကရင်ပြည်နယ်ရောက်နေကြောင်း သိရတဲ့အတွက် ဆက်ပြီးလိုက်ရာမှာ ကျိုက်ထိုက ဟိုတယ် တစ်ခုမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က