(၆)လက်မလောက်ထိရေဝင်နေပါပြီ။
မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးရေစီးဆင်းမှုကြောင့် ဆေးရုံတွင်းရေဝင်ရာက်ကာ ကလေးအဆောင်က လူနာ(၅)ဦးလောက်ကို အဆောင်ပြောင်းရွှေ့ထားရပြီး မိုးဆက်ရွာနေအုံးမယ်ဆိုရင်တော့ ဒီထက်ပိုပြီးရေဝင်ရောက်နိုင်တယ်လို့ မြောက်ဥက္ကလာပ မီးသတ်ဌာနမှာ မြို့နယ်ဦးစီးမှူး ဦးပြည့်စုံက ပြောပါတယ်။

photo- မြောက်ဥက္ကလာ မီးသတ်တပ်ဖွဲ့



ဒီကနေ့ သြဂုတ်လ(၇)ရက်နေ့ နံနက် (၁၁)နာရီလောက်စပြီး မြောက်ဥက္ကလာပဆေးရုံတွင်းရေဝင်ရောက်မှုကြောင့် လက်ရှိမှာတော့ မြောက်ဥက္ကလာပ မီးသတ်တပ်ဖွဲ့နဲ့အတူ ပရဟိတအဖွဲ့များက ကူညီရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျှက်ရှိနေတယ်လို့ သိရပါတယ်။

“ ရေက အခုဆေးရုံအတွင်းကို (၆)လက်မလောက်ဝင်နေပြီ။ မိုးများပြီး မိုးရေစီးဆင်းမှုကြောင့်ပဲရေဝင်တာ။ မိုးကလည်းအဆက်မပြတ်ရွာနေတော့ မနက်(၁၁)နာရီလောက်ကစပြီးတော့ ရေစဝင်တာ။ လူနာတွေကတော့ အပြောင်းအရွှေ့သိပ်မရှိဘူး။ ကလေးဆောင်က ကလေး (၄)(၅)ဦးလောက်ကိုပဲ အောက်ထပ်အဆောင်ကနေ အပေါ်ထပ်ကိုရွှေ့ပြောင်းထားတာလောက်ပဲရှိတယ်။ အခုထိတော့ Emergency ဌာနမှာလုံးဝရေမဝင်သေးဘူး။ ကျွန်တော်တို့အဓိက ကူညီရေးလုပ်ငန်းဆောင်ရွက်ပေးနေရတာကလည်း စက်ပစ္စည်းတွေထဲရေမစိုအောင်လုပ်ပေးနေရတာ၊ တခြားဟာတော့ ဘာမှမရှိဘူး”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီနေတဲ့ မြောက်ဥက္ကလာပ မီးသတ်ဌာနမှာ မြို့နယ်ဦးစီးမှူး ဦးပြည့်စုံက Duwun ကိုပြောပါတယ်။



photo- မြောက်ဥက္ကလာ မီးသတ်တပ်ဖွဲ့

ဒီနေ့ သြဂုတ်လ(၇)ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နေကုန်မိုးအဆက်မပြတ်ရွာသွန်းလျှက်ရှိနေပြီး ဒီလိုသာမိုးဆက်ရွာနေအုံးမယ်ဆိုရင် ဆေးရုံအတွင်းကိုရေထပ်ဝင်နိုင်တယ်လို့ ဦးပြည့်စုံကပြောပါတယ်။ အိန္ဒိယနိုင်ငံကို ဗဟိုပြုနေတဲ့ မုန်တိုင်းငယ် (De

pression) ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားမှာလည်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာထားတာလည်းရှိပါတယ်။

ရန်ကုန်မြို့မြောက်ဥက္ကလာပ ဆေးရုံတွင်းရေဝင်ရောက်ဖြစ်စဉ်မှာတော့ မြောက်ဥက္ကလာပမီးသတ်ဌာနမှ သန္ဓေ(၃၀)ဦး၊ အရံ(၂၀)ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီးက ပရဟိတအသင်းတွေကလည်း ကူညီရေးလုပ်ငန်းတွေဆောင်ရွက်ပေးလျှက်ရှိနေတယ်။ ဆေးရုံအတွင်းရေကျသွားတဲ့ အချိန်ထိ စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း မြို့နယ်ဦးစီးမှူး ဦးပြည့်စုံကပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောဥက္ကလာပမြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ သာကေတမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လျှက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က