737 အမျိုးအစားတွေအထိ ဆင်းနိုင်မယ့် နိုင်ငံတကာလေဆိပ်အဖြစ်အဆင့်မြှင့်တင်မှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
Aye Myat Mon

မော်လမြိုင်လေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ဖို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ စတင်လုပ်ဆောင်မယ်လို့ မွန်ပြည်နယ်အစိုးရက ဧပြီလ ၄ ရက်နေ့က အတိုင်ပင်ခံရဲ့ မော်လမြိုင်ခရီးစဉ်မှာ ဖြေကြားခဲ့ပါတယ်။

(မော်လမြိုင်လေဆိပ်မြင်ကွင်း)

“မော်လမြိုင်လေယာဉ်ကွင်းကို အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းအဖြစ် အဆင့်မြှင့်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ပးူပေါင်းဆောင်ရွက်နေပါတယ်။ ပြည်ထောင်စုအစိုးရက အခုအဆင့်မှ ာတင်ဒါခေါ်ပြီးတော့ ရွေးချယ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးအဆင့် စာချုပ်ချုပ်တော့မှာဖြစ်ပြီး ၂၀၁၉ ပွင့်လင်းရာသီစတယ်ဆိုတာနဲ့ လုပ်ဆောင်တော့မှာပါ ” လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားခဲ့တာပါ။

မော်လမြိုင်လေဆိပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မော်လမြိုင်လေဆိပ်ကို ပြေးလမ်း ၈၅၀၀ နဲ့ အဆင့်မြှင့်တင်တိုးချဲ့မှာဖြစ်ပြီးတော့ လောလောဆယ်မှာတော့ ပေးလမ်းက ငါးထောင်ပဲရှိတာကြောင့် TTR လေယာဉ်ပဲဆင်းနိိုင်တယ်လို့ ဆိုပါတယ်။

ပြေးလမ်းကြောင်း အဆင့်မြှင့်တင်သွားပြီးရင်တော့ ဘိုးအင်းလေယာဉ် 737 အမျိုးအစားတွေအထိ ဆင်းနိုင်မယ့် နိုင်ငံတကာလေဆိပ်အဖြစ်အဆင့်မြှင့်တင်မှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဧပြီလ ၄ ရက်နေ့မှာ မော်လမြိုင်ကို ရောက်ရှိနေတာဖြစ်ပြီးလူထုတွေ့ဆုံပွဲပြုလုပ်နေတာ ဖြစ်ပါတယ်။


က္က