ကျူးလွန်သူကို ဖမ်းဆီးထားပါတယ်။

မော်လမြိုင် ဈေးကြိုရပ်ကွက်က အမျိုးသားဆံသဆိုင်က ဆိုင်ရှင်အမျိုးသားကနေ အလုပ်သမားကို လိင်တူချင်း အဓမ္မပြုကျင့်ခဲ့တယ်လို့ မုပွန်နယ်မြေရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။



ဖြစ်စဉ်ကတော့ အဓမ္မပြုကျင့်ခံရသူမှာ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလအတွင်းက ဆံသဆိုင်ကို အလုပ်လုပ်ဖို့လာခဲ့ပြီး အဲဒီကာလအတွင်းမှာပဲ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရတာကြောင့် မုပွန်ရဲစခန်းကို လာရောက်တိုင်ကြားခဲ့တယ်လို့ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက Duwun ကို ပြောပါတယ်။

“တရားခံနဲ့ တရားလိုက အွန်လိုင်းပေါ်မှာ တွေ့ပြီးတော့ တရားခံရဲ့ ဆိုင်မှာ အလုပ်လုပ်ဖို့ ဆိုပြီးတော့ ဒီဇင်ဘာ၁၉ ရက်နေ့မှာ မော်လမြိုင်ကို ရောက်လာတယ်။ တိုင်ချက်အရ ၂၀ ရက်နေ့မှာ တစ်ကြိမ်၊ ၂၅ ရက်နေ့မှာ ကျူးလွန်ခံရတယ်ဆိုပြီးတော့ အမှုလာဖွင့်ပါတယ်။“ လို့ တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။

ကျူးလွန်ခံရသူနဲ့ ကျူးလွန်သူမှာ အသက် ၃၀ အရွယ်ရှိပြီး အွန်လိုင်းပေါ်က တစ်ဆင့် ခင်မင်ရင်းနှီးရာကနေ ဆိုင်ရှင်က အလုပ်လုပ်ဖို့ ခေါ်ရာကနေ အခုလို အဓမ္မပြုကျင့်ခံရတာဖြစ်တယ်လို့ ရဲစစ်ဆေးချက်တွေအရသိရပါတယ်။ လက်ရှိတော့ ကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့ မော်လမြိုင် မုပွန်နယ်မြေရဲစခန်းကနေ သိရပါတယ်။



က္က