သြဂုတ်လ(၈)ရက်နေ့ကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေတာပါ။

မော်လမြိုင်ရဲ့ ရေကြီးမှုအခြေအနေဟာ မြစ်ရေတက်မှုနဲ့ ရေကျရေနှစ်ခုပေါင်းပြီး အခုလိုတစ်မြို့လုံးရေကြီးနေတဲ့အနေအထားဖြစ်ပြီး မြေပြိုမှုတွေရော၊ လမ်းပျက်စီးမှုတွေကိုရောရှိနေကာ ကယ်ဆယ်ရေးတွေတောင် လမ်းကြောင်းမနည်းရှာပြီးထွက်နေရတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေတဲ့ မော်လမြိုင်မြို့သြဝါဒစရိယဆရာတော် ဦးပဏ္ဍိတ ကပြောပါတယ်။

photo- Bo Win

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သြဂုတ်လ(၈)ရက်နေ့ကတည်းက စပြီး ယနေ့ထိ မိုးအဆက်မပြတ် ရွာသွန်းလျှက်ရှိတာကြောင့် တစ်မြို့လုံး ရေကြီးနေပြီး ကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်ပေးနေရပါတယ်။

လက်ရှိမှာ နေရာအနှံ့အပြားမှာ ရေကြီးနေတဲ့အတွက် သတင်းအတိအကျတောင်ထုတ်ပြန်လို့မရတဲ့ အနေအထားဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့ ဆရာတော်တစ်ပါးမှပြောပါတယ်။

“ အခုက ဇေယျာမြိုင်၊ မြေနီကုန်း၊ သာယာအေးနဲ့ ဒိုက်ဦးကွင်းဘက်တွေမှာ တော်တော်လေးဆိုးနေတယ်။ မြို့ထဲမှာလည်း ရေကပြည့်နေတော့ ကယ်ဆယ်ရေးတွေကို အဆက်မပြတ်လုပ်နေရတယ်။အခုလက်ရှိဖြစ်နေတာက နေရာအနှံ့အပြားကရေတွေနဲ့ ပြည့်နေတော့ ကယ်ဆယ်ရေးတွေတောင် လမ်းကြောင်းမနည်းရှာပြီးထွက်နေရတယ်။ မိုးကလည်းအခုထိရွာနေတုန်း။ ဒီလိုသာဆက်ရွာနေရင် ရေကဘယ်လိုမှကျမှာမဟုတ်ဘူး “လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့ မော်လမြိုင်မြို့သြဝါဒစရိယဆရာတော် ဦးပဏ္ဍိတ က Duwun ကိုပြောပါတယ်။

 

photo- Bo Win

မော်လမြိုင်မှာ မနေ့ကသြဂုတ်လ(၈)ရက်နေ့ကတည်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်း (၂)နာရီလောက်ကတည်းက ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့တွေကို ဖုန်းဆက်ပြီးအကူအညီတောင်းခဲ့တယ်လို့ ဆရာတော်ကပြောပါတယ်။ မောင်လမြိုင်မှာတော့ ကယ်ဆယ်ရေးစခန်း(၈)ခုဖွင့်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အခုထိဆောင်ရွက်နေဆဲဖြစ်တဲ့အတွက် ရေဘေးသင့်ပြည်သူဦးရေကို အတိအကျပြောလို့မရသေးပါဘူး။ မော်လမြိုင်ရဲ့ ရေကြီးမှုအခြေအနေဟာ မြစ်ရေတက်မှုနဲ့ ရေကျရေနှစ်ခုပေါင်းပြီး အခုလိုတစ်မြို့လုံးရေကြီးနေတဲ့အနေအထားဖြစ်တယ်လို့ ဆရာတော်ကပြောပါတယ်။ လက်ရှိမှာတော့ မြေပြိုမှုတွေ၊ လမ်းပျက်စီးမှုတွေလည်းရှိနေပါတယ်။မနှစ်ကလည်း ဒါမျိုးတစ်ကြိမ်ဖြစ်ဖူးပေမယ့် ဒီနှစ်ကတော့ ဆိုးဆိုးရွားရွားဖြစ်တဲ့နှစ် ဖြစ်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က