အိမ်တွေမှာ ပြန်လည်နေထိုင်လို့တော့ မရသေးပါဘူး။

ရေမြို့ရေကြီးမှုဟာ အိမ်အလုံးလိုက်ရေနောက်မျောပါသွားတာတွေကများတဲ့အတွက် အခုလိုရေပြန်ကျသွားပေမယ့်လည်း မူလနေအိမ်တွေမှာ ပြန်လည်ထူထောင်ပြီးနေထိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

photo- Min Thar Lay (သြဂုတ်လ ၁၂ရက် ရေးမြို့ ရေပြန်ကျသွားမှုအခြေအနေ)

မွန်ပြည်နယ်၊ ရေးမြို့မှာ သြဂုတ်လ(၉)ရက်နေ့က စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တစ်မြို့လုံးရေနစ်မြုပ်ခဲ့ကာ ဒီကနေ့ သြဂုတ်လ(၁၂)ရက်နေ့မှာတော့ ရေးမြို့ပေါ်မှာရေကျသွားပြီး သွားလို့လာလို့ရပေမယ့် မြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာတော့ ရေကြီးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ ရေးမြို့ထဲမှာတော့ အရင်နေ့တွေက အိမ်တစ်ဝက်လောက်မြုပ်တဲ့ အိမ်တွေတောင်ပြန်ပေါ်လာပြီ။ ရေက မနေ့ကကတည်းက တဖြည်းဖြည်းကျနေတာ။ ဒီမနက်မှာတော့ သိသိသာသာကျသွားတယ်။ ကျေးရွာဘက်တွေမှာတော့ ရေကမကျသေးဘူး။ ခုမြို့ပေါ်မှာလည်း ရေကျသွားတယ်ဆိုပေမယ့် အိမ်တွေကတော့ ပြန်နေလို့မရသေးဘူး။ အားလုံးက ခုထိကယ်ဆယ်ရေးစခန်းမှာပဲ ရှိသေးတယ်” လို့ သြဂုတ်လ(၁၂)ရက်နေ့ မွန်းလွဲ(၁)နာရီလောက်က ရေးမြို့ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးမှ Duwunကို ပြောပါတယ်။

photo - Ye Min Soe ( ရေးမြို့ကယ်ဆယ်ရေးစခန်းတစ်ခုမှ ရေေဘေးသင့်ပြည်သူများ)

လက်ရှိမှာတော့ရေးမြို့မှာ ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူအရေအတွက်က များလွန်းလို့ အတိအကျပြောလို့ မရဘူးလို့ ပြောပါတယ်။ ရေးမြို့ရဲ့ ရေဘေးကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကိုတော့ ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်၊ ဘားအံတို့ အပါအဝင် နယ်မြေဒေသစုံက လာပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ရေမြို့ရေကြီးမှုဟာ အိမ်အလုံးလိုက်ရေနောက်မျောပါသွားတာတွေကများတာကြောင့် အခုလိုရေပြန်ကျသွားပေမယ့်လည်း ပြန်လည်ထူထောင်ပြီးနေထိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ရေးမြို့ရဲ့ ရေကြီးမှုမှာ လူသေဆုံးတာမျိုးမရှိပေမယ့် ပြန်လည်နေထိုင်ရေးအတွက်တွေကိုတော့ အများကြီး လုပ်ဆောင်ရအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က