၂၀၂၃ မှာ တစ်နိုင်ငံလုံး ကာကွယ်ဆေးရောက်ရှိအောင်ဆောင်ရွက်မည်
Mi Thawdar Aung

၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တို့မှာ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားမှု အများဆုံးရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

Photo- Ministry of Health and Sports

ဝက်သက်ရောဂါကပ်အသွင် မဖြစ်ပွားစေအောင် တစ်နိုင်ငံလုံးက အသက် ၉ လ ကနေ ၅ နှစ်ခွဲအရွယ်ကလေးတွေကို  အောက်တိုဘာ (၂၅) ရက်ကနေ (၂၉) ရက်အထိ  မြို့နယ် (၉၆) မြို့နယ်မှာ တစ်ကြိမ်၊ နိုဝင်ဘာ (၂၆) ရက်နေ့ကနေ (၂၈) ရက်အထိ မြို့နယ် (၂၃၄) မြို့နယ်မှာ တစ်ကြိမ် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပထမအကြိမ် ထိုးနှံမယ့် မြို့နယ်(၉၆) မြို့နယ်မှာတော့ မွေးစကနေ အသက် (၅) နှစ်ခွဲအထိ ကလေးငယ်ပေါင်း  ၁ ဒဿမ ၂ သန်းကို ပိုလီယိုုအစက်ချကာကွယ်ဆေးတွေကိုလည်း တစ်ပြိုင်နက်တည်း တိုက်ကျွေးသွားမှာဖြစ်ပါတယ်။

ဘားအံမြို့နယ် ဖာပွန်မြို့နယ်မှာ ပိုလီယိုးတွေ့ရှိပြီး အကြောသေသွားတဲ့ ကလေး (၆) ဦးရှိခဲ့ပြီး အဆိုပါ ကလေးတွေဟာ ကာကွယ်ဆေးလုံးဝမရရှိထားခဲ့တာကြောင့် အခြားရောဂါတွေပါကူးစက်နိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

ဝေးလံခက်ခဲတဲ့ဒေသတွေ၊လုံခြုံရေးအရ ခက်ခဲ့တဲ့နေရာတွေ၊ရွေ့လျားပျံကျတွေ များတဲ့နေရာတွေ၊ ကျန်းမာရေးလုပ်ငန်းတွေ မလုပ်နိုင်တဲ့ဒေသတွေက  ကာကွယ်ဆေးရရှိဖို့ ခက်ခဲ့ပြီး ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့တာပါ။

Photo- Ministry of Health and Sports

ဒါကြောင့် ကာကွယ်ဆေးမရသေးတဲ့ကလေးတွေကို ဖော်ထုတ်ပြီး တိုက်ကျွေးဖို့ လိုအပ်တယ်လို့ ဒေါက်တာသာထွန်းကျော်က ဆိုပါတယ်။

ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးအစီအစဉ်မှာ ကလေးတွေအားလုံး ကာကွယ်ဆေးရရှိပါမှ ပိုလီယိုရောဂါဟာ နောင်လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ပြန်လည်ကင်းစင်နိုင်မယ်လု့ိ သိရပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း မည်သည့်နေရာမှာ မွေးဖွားနေထိုင်တဲ့ ကလေးမဆို ကာကွယ်ဆေး တစ်ပြေးညီ ရရှိအောင်ဆောင်ရွက်မယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။


က္က