ပြည်တွင်း အလုပ်သမား ၂ သောင်းကျော်ပါ။
Hmue Eain Zaw

မေလအတွင်းမှာ ပြည်ပကို ထွက်ခွာအလုပ်လုပ်ဖို့အတွက် အလုပ်သမား သုံးသောင်းကျော်ကို စေလွှတ်နိုင်ခဲ့တယ်လို့ အလုပ်သမားရေးရာဦးစီးဌာနကနေသိရပါတယ်။

Photo - mtuc.org

အဲ့ဒီ အလုပ်သမား ၃၀၃၂၆ ယောက် ထဲမှာ ၂၀၉၇၇ ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့သွားရောက်တာဖြစ်ပြီး မလေးရှားကို ၈၂၃၇ ယောက်၊ ဂျပန်နိုင်ငံကို ၆၅၈ ယောက်၊ တောင်ကိုရီးယားကို ၃၇၇ ယောက်နဲ့ စင်ကာပူနိုင်ငံကို ၃၇ ယောက်သွားရောက်ကြတာဖြစ်ပါတယ်။

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အလုပ်အကိုင် ၂၄၀၁၉ ခုဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အခြားပြည်နယ်တွေမှာတော့ ဒေသတွင်းအလုပ်အကိုင် ၁၆၈၅ ခုဖန်တီးပေးနိုင်ခဲ့တယ်လို့ အလုပ်သမားဦးစီးဌာနက မေလ ၁၂ ရက်နေ့က ဝန်ကြီးဌာနဝက်ဘ်ဆိုက် ကနေ ထုတ်ပြန်ပါတယ်။

ဝန်ကြီးဌာနရဲ့အဆိုအရ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြားမှာ Online အလုပ်အကိုင် Exchange စနစ်တစ်ခုကို ထူထောင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာတော့ အလုပ်သမားဦးစီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) တို့ပူးပေါင်းပြီး ၅ နှစ်တာ နိုင်ငံအဆင့် အလုပ်သမားရေးရာ မူဝါဒကို ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၂၇၇ ခုကို တရားဝင်ခွင့်ပြုထားတယ်လို့သိရပါတယ်။ ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၅ သန်းကျော်ရှိပြီး ၃ သန်းလောက်က ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။


Author


က္က