တွက်ချက်နိုင်ပါတယ်။
Hmue Eain Zaw

လာမယ့် ဇူလိုင်လက စပြီး တိုးမြင့်ကောက်ခံတော့မယ့် မီတာခနှုန်းထားတွေကြောင့် သာမာန်အိမ်သုံးလျှပ်စစ်မီတာခတွေလည်း မြင့်တက်လာတော့မှာဖြစ်ပါတယ်။ သာမာန်အိမ်တစ်လုံးမှာ ရန်ကုန်မှာဆိုရင် မိသားစု ၄ ယောက်လောက်ရှိပြီး ရေခဲသေတ္တာ၊ အဲကွန်း နဲ့ လျှပ်စစ်မီးဖိုသုံးစွဲကြလေ့ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ မီတာခက ကျပ် ၂ သောင်းဝန်းကျင်လောက်ကျသင့်တယ်လို့ မိသားစုဝင် လေးဦးရှိပြီး ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုအောင်မင်းက Duwun ကိုပြောပါတယ်။



ါကြောင့် အခုလို မီတာခတွေ တိုးမြှင့်လိုက်တာကြောင့် ပုံမှန် ကျပ် ၂ သောင်းဝန်းကျင်လောက်ကျသင့်တဲ့ အဖိုးအခကနေ ကျပ် ၅ သောင်းလောက်အထိ တိုးမြှင့်ပေးရမှာဖြစ်ပါတယ်။


ယူနစ် ၁၀၀ သုံးစွဲမယ်ဆိုရင်

သင့်အိမ်ဟာ တစ်လကို ယူနစ် ၁၀၀ သုံးစွဲတယ်ဆိုရင်တော့ ယခင် ၃၅၀၀ ကျပ်ပေးဆောင်ရာကနေ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ကျပ် ၆ ထောင်ဝန်းကျင်ပေးဆောင်ရမှာဖြစ်ပါတယ်။

ယူနစ် ၅၀၀ အထိသုံးမယ်ဆိုရင်

သင့်အိမ်ဟာ ယူနစ် ၂၀၀ လောက် လစဉ်သုံးတယ်ဆိုရင်တော့ ယခင် ၇၅၀၀ ကျပ်ပေးနေရာကနေ ၁၇၅၀၀ ကျပ်ဝန်းကျင် ပေးဆောင်ရမှာဖြစ်ပါတယ်။ သင့်အိမ်ဟာ ပုံမှန် ယူနစ် ၃၀၀ လောက်သုံးတယ်ဆိုရင် ပုံမှန်ပေးဆောင်နေကြ ၁၂၅၀၀ ကျပ်အစား ၃ သောင်းကျပ်ဝန်းကျင်လောက်ပေးဆောင်ရမှာဖြစ်ပါတယ်။ ယူနစ် ၅၀၀ လောက်သုံးတယ်ဆိုရင်တော့ ကျပ် ၂၂၀၀၀ ပေးဆောင်နေရာကနေ ကျပ် ၅၅၀၀၀ လောက်အထိပေးဆောင်ရမှာဖြစ်ပါတယ်။

ပျမ်းမျှအားဖြင့် အိမ်သုံးမီတာခတွေအားလုံးဟာ တစ်လ ကို ၁၀၀ ရာခိုင်နှုန်းကျော်လောက်မြင့်တက်သွားတာဖြစ်ပါတယ်။


Author


က္က