ကျောင်းကားတွေပြေးဆွဲရာလမ်းကြောင်းတွေကို မိဘတွေ ဖုန်းကတဆင့်ကြည့်ရှုနိုင်မှာပါ။
Mi Thawdar Aung

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်တဲ့ YBS ကျောင်းကားတွေကို နောက်နှစ် ကျောင်းဖွင့်ရာသီမှာ ကျောင်းသားတွေ မဖြစ်မနေစီးရမယ်လို့ ရန်ကုန်တက္ကသိုလ်ပညာရေးလေ့ကျင့်ရေးကျောင်း (TTC) ကျောင်းအုပ် ဒေါက်တာမိုးသူက ပြောပါတယ်။

39404648_463718667459401_5265447987261210624_n.jpg 

ကျောင်းကားတွေ ပြေးဆွဲရာလမ်းကြောင်းတွေကို မိဘတွေက ဖုန်းအက်ပလီကေးရှင်းကတစ်ဆင့် ကြည့်ရှုနိုင်ဖို့အတွက်လုပ်မှာဖြစ်ပြီး အိမ်ရှေ့အထိ အရောက်အကြိုအပို့လုပ်ပေးဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

“နောက်နှစ်မှာ ကျောင်းကားအသေးရောအကြီးရောလုပ်မှာပါ။ အိမ်ရှေ့အထိကိုလည်း ကားအသေးနဲ့ ဝင်ပေးမယ်။ ကလေးကားပေါ်တတ်လိုက်တာနဲ့ မိဘတွေက အက်ပလီကေးရှင်းကနေကြည့်လို့ရတယ်။ နောက်ပြီးတော့ ပုဂ္ဂလိက ဖယ်ရီတွေကိုလည်း အများပိုင်စနစ်နဲ့ ပြောင်းမယ်။ ယာဉ်တွေအားလုံးက အုပ်ချုပ်မှု တစ်ခုတည်းမှာပဲ ရှိတော့မယ်” လို့ ဒေါက်တာမိုးသူက ပြောပါတယ်။

လက်ရှိ ရန်ကင်းတီတီစီနဲ့ ကမာရွတ်တီတီစီတို့မှာ YBS ကျောင်းကားတွေ ပြေးဆွဲနေပြီး  ကျောင်းကားတွေက လမ်းထိပ်မှာပဲ အကြိုအပို့လုပ်တဲ့အတွက် စိတ်ချမှုမရှိဘူးလို့ ကျောင်းသားမိဘအချို့က ပြောပါတယ်။

39441604_1049491458546335_8227452602191708160_n.jpg

“ အမတို့က ပုဂ္ဂလိကဖယ်ရီတွေပဲ စီးတာပါ။ ကလေးတွေလမ်းထိပ်ကိုထွက်စီးရတော့ မိုးတွင်းကျ အဆင်မပြေဘူး။စုရပ်ကို အကြိုအပို့လုပ်ရတော့ မိဘတစ်ယောက်က စောင့်နေဖို့လိုတော့ အခက်အခဲဖြစ်တာပေါ့ “ လို့ TTC ကျောင်းသား မိဘတစ်ဦးပြောပါတယ်။

“ ဖြစ်စေချင်တာက အကြိုအပို့လုပ်တဲ့အခါ အိမ်ရှေ့အထိ အရောက်ဖြစ်စေချင်ပါတယ်။ “ လို့ တာမွေမြို့နယ်မှာ နေထိုင်တဲ့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

လက်ရှိတော့ ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းမှာ ပုဂ္ဂလိက ကျောင်းကား ၂၁၀ စီး၊ YBS ကျောင်းကား ၂၀ စီး ပြေးဆွဲနေပြီး ကျောင်းသား ၅၀၀၀ နီးပါး အသုံးပြုနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က