စခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေလုပ်နေပါပြီ။
Ei Ei Htun

မသင်္ကာစရာအမျိုးသားက ကလေးနောက်ကအတင်းလိုက်ပြီး အိမ်ထဲထိဝင်ကာ ကလေးကိုဖမ်းခဲ့တာကြောင့် ပတ်ဝန်းကျင်က လူတွေက ဝိုင်းဖမ်းပြီး သက်ဆိုင်ရာကိုအပ်နှံခဲ့ကြတာပါ။  

ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေမှာ ဒီကနေ့ နိုဝင်ဘာလ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက ကျောင်းဆင်းချိန်မှာ ကလေးငယ်တစ်ဦးနောက်ကိုလိုက်လာပြီး ကလေးလည်ပင်းကိုညှစ်တဲ့ မသင်္ကာစရာအမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါမသင်္ကာစရာ အမျိုးသားကို ဒေသခံတွေက ကလေးသူခိုးဆိုပြီး ပြောဆိုနေကြပေမယ့် သက်ဆိုင်ရာကတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

photo- Aung Soe Win

“ ကျွန်တော်တို့ အတိအကျပြောလို့မရသေးဘူးဗျ။ သူက ဘာရည်ရွယ်ချက်နဲ့လုပ်လည်းဆိုတာကတော့အထင်နဲ့ ဆုံးဖြတ်ပြီးပြောလို့မရသေးဘူး။ ကလေးသူခိုးလည်းဟုတ်ချင်ဟုတ်မယ်။ မဟုတ်ဘူးလို့လည်းပြောလို့မရဘူး။ အခုတော့ သက်ဆိုင်ရာနယ်မြေရဲစခန်းက စစ်ဆေးမှုတွေတော့ ပြုလုပ်နေပြီ” လို့ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောက Duwun ကိုပြောပါတယ်။

photo- Khant Thura Kyaw

လက်ရှိမှာတော့ အဆိုပါအမျိုးသားးကို ညောင်လှနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေပြုလုပ်နေပါပြီ။ အဆိုပါ မသင်္ကာစရာအမျိုးသားဟာ ကလေးနောက်က အတင်းလိုက်လာပြီး အိမ်ထဲထိကိုဝင်ရောက်ဖမ်းပြီးတော့ လည်ပင်းညှစ်ခဲ့တာလည်းဖြစ်ပါတယ်။ အမျိုးသားဟာ အသက်(၄၀)ကျော်(၅၀)ဝန်းကျင်ဖြစ်ပြီး တာဝန်ရှိသူတွေစစ်ဆေးတဲ့အခါမှာတော့ သူ့ဆီက ဘာမှထွက်ဆိုတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။


က္က