၂၀၂၀ အပြီးဖွင့်လှစ်သွားမှာပါ။
အမေရိကန်သံရုံးဆက်ဆံရေးရုံးကို နေပြည်တော်တွင် ဖွင့်လှစ်သွာဖို့အတွက် ရုံးနေရာ တရားဝင် ပန္နက်ချသည့်အခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထိုအခမ်းအနားကို Hilton ဟိုတယ်ဝင်းအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်တို့ တက်ရောက်ခဲ့ကြတာပါ။

"ပိုမိုငြိမ်းချမ်းမှု၊ သာယာဝပြောမှုနဲ့ဒီမိုကရက်တစ် လွတ်လပ်မှုအတွက် အောင်မြင်မှုတွေရဖို့ မြန်မာနိုင်ငံအတွင်း မြောက်များစွာ စွန့်လွတ် အနစ်နာခံခဲ့ရမှုတွေအတွက် အားပေးကူညီဖို့ အမေရိကန်ပြည်သူတွေကသန္နိဋ္ဌာန်ချထားပါတယ်။ ဒီရည်မှန်းချက်တွေ ရှေ့ဆက် ဖော်ဆောင်ရာမှာ မြန်မာအစိုးရနဲ့အတူတကွ လက်တွဲဆောင်ရွက်နိုင်ဖို့အတွက် ဒီရုံးအသစ်က ကျွန်တော်တို့ရဲ့ လုပ်ကိုင်နိုင် စွမ်းရည်တွေကို ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်” လို့ သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားခဲ့ကြောင်း သံရုံးရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Photo - U.S. Embassy Rangoon

နေပြည်တော်အမေရိကန်သံရုံးဆက်ဆံရေးရုံးကို ၂၀၂၀ ခုနှစ်မှာအပြီးဖွင့်လှစ်သွားဖို့ရည်ရွယ်ထားပြီး အမေရိကန်သံတမံအရာရှိ ၃ ဦး၊ ဌာနေဝန်ထမ်း အယောက် ၂၀ ကို ကနဦးအဆင့်ထားရှိပြီး အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်သွားမယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။

လောလောဆယ်မှာတော့ သံရုံးဆက်ဆံရေးရုံးအတွက် သင့်တော်တဲ့နေရာ ရရှိဖို့လိုအပ်နေပြီး ရရှိတာနဲ့ ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်း အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က