အောက်တိုဘာ ၁၆ ရက်စပြီး ကစားနိုင်ပါတယ်။
Mi Thawdar Aung

အဆိုပါ Gym Fitness Center မှာ ကျပ်သိန်း (၁၇၅၇) တန်ဖိုးရှိတဲ့ စက်ကိရိယာပစ္စည်း (၂၆) မျိုး ထားရှိပြီး နေပြည်တော်က ဝန်ထမ်းတွေ အခမဲ့လာရောက် ဆော့ကစားနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

Photo- Ministry of Health and Sports, Myanmar (ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေးစဉ်)

Gym Fitness Center ဟာ အနံပေ (၆၀)၊ အလျားပေ (၁၂၀) ကျယ်ဝန်းပြီး ကျပ် (၆၂၄၅) သိန်းခန့် အကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ခန်းမအတွင်း နှလုံးလည်ပတ်မှု အားကောင်းစေတဲ့ စက်ကိရိယာတွေ၊ ကြွက်သားများ ကြံ့ခိုင်သန်စွမ်းမှုရှိစေတဲ့ စက်ကိရိယာတွေနဲ့ စွယ်စုံ အသုံးပြုနိုင်တဲ့ စက်ကိရိယာတွေဆိုပြီး ခွဲခြားထားပါတယ်။

ဝန်ထမ်းတွေအနေနဲ့ အောက်တိုဘာ ၁၆ ရက်က စတင်ကာ မှတ်ပုံတင်ဝင်ခွင့်ကဒ်ပြုလုပ်ပြီး လာရောက်ကစားနိုင်တယ်လို့လည်းသိရပါတယ်။

လေ့ကျင့်ချိန်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်လုပ်ပေးထားပြီး လိုအပ်ပါက အချိန်တိုးပေးမှာဖြစ်သလို၊ စက်ကိရိယာတွေကိုလည်း တပ်ဆင်တိုးချဲ့ဆောင်ရွက်ပေးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မှာကြားခဲ့ပါတယ်။

Photo- Ministry of Health and Sports, Myanmar (ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေးစဉ်)

နေပြည်တောင်ပြည်ထောင်စုနယ်မြေအတွင်းက ဝန်ထမ်းတွေ ကျန်းမာကြံခိုင်စေရေးအတွက် အားကစားလေ့ကျင့်ခန်းတွေ အားလပ်ချိန်မှာ ပြုလုပ်နိုင်ဖို့ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းမှာ ရေကူးအားကစား၊ စက်ဘီးအခမဲ့စီးနင်းစေတာ၊ လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ Outdoor Fitness ကိရိယာတွေထားပေးထားတယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနအနေနဲ့ ပြည်သူတွေ ကျန်းမာကြံခိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ချက်အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဒေသခံအစိုးရအဖွဲ့တွေ ဦးဆောင်မှုနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။


က္က