ချို့တဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး ကစားစရာ အရုပ်လေးတွေကို လိုက်လံစုဆောင်းသွားမှာပါ။

“ပျော်ရွှင်ခြင်း” ဆိုတဲ့ Program လေးကို YSEALI Women Network Myanmar က ဦးဆောင်ပြီး ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပလိုက်ပါတယ်။



Program လေးရဲ့ ရည်ရွယ်ချက်ကတော့ ချို့တဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး ကစားစရာ အရုပ်လေးတွေကို လိုက်လံစုဆောင်းသွားဖို့ပဲဖြစ်ပါတယ်။ အဲဒီလိုစုဆောင်းတဲ့နေရာမှာ ကျား၊မ မခွဲဘဲ ကလေးငယ်အားလုံး ဆော့ကစားနိုင်မယ့် အရုပ်မျိုးတွေကို အဓိကထားပြီး စုဆောင်းသွားမှာ ဖြစ်တယ်လို့ လည်းသိရပါတယ်။စုဆောင်းရရှိတဲ့ အရုပ်တွေကို ရွှေပြည်သာနဲ့ လှိုင်သာယာရှိ မူလတန်းကျောင်းတွေ၊ မိဘမဲ့ကျောင်းတွေမှာ ပြန်လည်လှုဒါန်းသွားမှာပါ။

ဒီ " ပျော်ရွှင်ခြင်း” အစီအစဉ်ကို ဦးဆောင်ကျင်းပတဲ့ YSEALI Women Network Myanmar ကတော့ Women Leadership Academy ကို တက်ရောက်အောင်မြင်ထားတဲ့ အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အမျိုးသမီးနဲ့ လူထုတိုးတက်ရေးတွေကို အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။အခုသူတို့ရဲ့ပထမဆုံး ကြိုးပမ်းချက်အနေနဲ့ Happiness Toys Drive ကို စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်။

Duwun ရဲ့ ပရိသတ်တွေ ဒီ “ပျော်ရွှင်ခြင်း” အစီအစဉ်မှာ အရုပ်လေးတွေကို ပါဝင်လှုဒါန်းချင်တယ်ဆိုရင်တော့ အောက်ပါ Drop Off Point တွေမှာ သွားရောက်လှုဒါန်းနိုင်ပါတယ်။ အရုပ်လေးတွေကို ဇွန်လ (၃၀)၊ ညနေ(၅) နောက်ဆုံးထားပြီး အလှုခံသွားမှာပါ။

(၁) Baby & Me - Phone Kyi Street Middle Block Branch (ဘုုန်းကြီးလမ်း ဆိုုင်ခွဲ)

                    - Thit Sar Street Branch (သစ္စာလမ်း ဆိုုင်ခွဲ)

(၂) Happy Baby - Baho Street Branch (ဗပာိုုလမ်းဆိုုင်ခွဲ)

                      - Pazundaung Market Branch (ပုုဇွန်တောင်ဆိုုင်ခွဲ)

                      - Kyaung Lan Bus Stop Branch (ကျောင်းလမ်းမှတ်တိုုင်ဆိုုင်ခွဲ)

                      - Phone Kyi Street Middle Block Branch (ဘုုန်းကြီးလမ်း ဆိုုင်ခွဲ)

(၃) Sweet Child (Sayar San Road/ ဆရာစံလမ်း)

(၄) 14 Cafe (Insein Road/အင်းစိန်လမ်း)

(၅) House Rules Cafe (Pearl Condo/ပုုလဲကွန်ဒိုု)

(၆) Momo Play - Myanmar Plaza (မြန်မာပလာဇာ)

                     - St John City Mall (စိန့်ဂျွန်းစီးတီးမော)

                     - Waizayandar Condo (ဝေဇယန္တာ ကွန်ဒိုု)

 (၇) Market Place - Myanmar Plaza (မြန်မာပလာဇာ)

                      - 6.5 Miles (၆မိုု်င်ခွဲ)

                      - Dhammazedi (ဓမ္မစေတီလမ်း)


(၈) The Keier Group (MAC Tower)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က